မင်းသားချောလေး ဟိန်းဝေယံကိုတော့ ချစ်ပရိသတ်ကြီးက ဗီဒီယိုဇာတ်ကားလေးတွေနဲ့ စတင်အားပေးလာခဲ့ကြမယ် ထင်ပါတယ်။ ဟိန်းဝေယံက ယောကျ်ားပီသတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသလို ချိုသာပြေပြစ်တဲ့ စကားပြောဟန်လေးတွေကလည်း ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာ ဖြစ်ပါတယ်။ မကြာခင်မှ အသက်(၃၀) ပြည့်သွားတဲ့ ဟိန်းဝေယံက အရင်ကထက်တည်ငြိမ်ရင့်ကျက်ပြီး ချောမောခန့်ညားလာတာလည်း ဖြစ်ပါတယ်။

Photo Credit-Heinn Wai Yan's FB
Photo Credit-Heinn Wai Yan's FB

အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်တဲ့ ဟိန်းဝေယံက ဇာတ်ကားတွေအပြင် ရုပ်သံဇာတ်လမ်းတွဲလေးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပါတယ်။ ဒီရက်ပိုင်းမှာတော့ ဟိန်းဝေယံက ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတော်တော်များများကို တက်ရောက်နေတာပဲ ဖြစ်ပါတယ်။ အခုလည်း လူမှုကွန်ယက်မှာ မျှဝေလိုက်တဲ့ ဟိန်းဝေယံရဲ့ပုံရိပ်တစ်ခုကြောင့် ပရိသတ်တွေက အတော်လေးစိတ်ပူပြီး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

Photo Credit- Amazing Grace
Photo Credit- Amazing Grace
Photo Credit- Amazing Grace

ဟိန်းဝေယံက " (၆.၁၁.၂၀၁၉) မျက်လုံးသွေးကြောပေါက် " ဆိုပြီး ဓာတ်ပုံလေးနဲ့အတူ သူရဲ့လူမှုကွန်ယက်မှာတင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မျက်လုံးသွေးကြောပေါက်သွားတဲ့ ဟိန်းဝေယံရဲ့ပုံလေးကိုကြည့်ပြီး ဝိုင်းဝန်းစိတ်ပူနေကြတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး ဟိန်းဝေယံတစ်ယောက် မျက်လုံးအမြန်သက်သာစေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Photo Credit-Heinn Wai Yan's FB & Amazing Grace

Photo Credit-Heinn Wai Yan's FB
Photo Credit- Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။