ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် သရုပ်ဆောင်စန္ဒီမြင့်လွင်ကတော့ ချစ်စရာသမီးလေးနဲ့အတူ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်..။

အမိုက်စား တေးသီချင်းကောင်းတွေနဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ကြည်နူးအားကျစရာ မိသားစုပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေတာပါနော်..။


Photo Credit - Sandy Myint Lwin’s Facebook
Photo Credit - Sandy Myint Lwin’s Facebook

ပရိသတ်တွေရဲ့ အချစ်တော်လေး ဒီဒီးကတော့ ခင်ပွန်းဖြစ်သူကို ပြောချင်နေတဲ့ စကားလေးတွေကို သမီးလေးကတစ်ဆင့် စာရေးပြီး ချစ်စဖွယ်လေး ပြောပြထားပုံလေးကိုလည်း ပရိသတ်တွေက သဘောကျနေကြပါတယ်နော်..။

ချစ်စရာကောင်းလွန်းစွာ ဓာတ်ဖမ်းထားတဲ့ ချစ်စရာ သမီးငယ်လေးရဲ့ ပုံလေးတွေနဲ့အတူ သို့ ဖေဖေ.. ဆိုတဲ့ စကားလေးကို အစချီကာ ချစ်စဖွယ်လေး ပြောပြထားတာမို့ အဲ့ဒီပို့အောက်မှာ ပရိသတ်တွေကလည်း စနောက်ထားကြပါတယ်နော်..။


Photo Credit - Sandy Myint Lwin’s Facebook
Photo Credit - Sandy Myint Lwin’s Facebook
Photo Credit - Sandy Myint Lwin’s Facebook

“သို့ ဖေဖေ

အလုပ်ပြီးတဲ့အခါ အိမ်ကို တန်းတန်းမတ်မတ် ပြန်လာခဲ့ပေးပါ။ မီးမီးနဲ့ မေမေ ဖေဖေ့ကို စောင့်နေပါတယ်။

အိမ်ပြန်ရောက်ရင် တနေ့လုံး ကလေးထိန်းရတဲ့ မေမေ့ကို ဝိုင်းကူပေးရင် မေမေက အရမ်းပျော်ပါတယ်။

မေမေက ဟင်းချက်ရင် ဖေဖေက ပန်းကန်ဝိုင်းကူဆေးပေးပါနော်။ မေမေက အဝတ်လျှော်ရင် ဖေဖေက မီးပူတိုက်ပေးပါ။

ကလေးမွေးလိုက်ရလို့ မေမေက မလှတော့ဘူး။ မေမေက ဝလာတယ်ဆိုပြီး မငြိုငြင်ပါနဲ့နော်။ မေမေ့ကို ပိုချစ်ပေးပါ။

တခါတလေ ညဘက် မီးမီး အိပ်မပျော်လို့ အော်မိရင် မေမေ့ကို မနိုးဘဲ ဖေဖေက ချော့သိပ်ပေးပါနော်။

ဖေဖေ သူငယ်ချင်းတွေနဲ့ အပြင်ထွက်သလို မေမေ့ကိုလည်း သူငယ်ချင်းတွေနဲ့ လျှောက်လည်ခွင့်ပေးပါနော်။ အဲဒီအချိန်မှာ ဖေဖေက မီးမီးကို တစ်လှည့်ထိန်းပေးပါ။

မေမေ ဝမ်းနည်းရတဲ့အခါတိုင်း မေမေ့ကို ဖေဖေ အပြစ်မတင်ပါနဲ့နော်။ မေမေအနားမှာနေပြီး မေမေ့ကို အားပေးပေးပါနော်။

မေမေအားလုံး ကိုယ်စား

ချစ်တဲ့ မေမေဒီး..” ဆိုပြီး ချစ်စဖွယ်လေး ပြောပြထားတာပါနော်..။

ကဲ.. ချစ်ပရိသတ်ကြီးရေ.. ခင်ပွန်းကို အိမ်အလုပ်တွေကူလုပ်ပေးဖို့ သမီးလေးကနေ တစ်ဆင့် ပြောလိုက်တဲ့ ဒီဒီးရဲ့ နည်းလမ်းလေးကတော့ မေမေတို့အတွက် အသုံးဝင်သလို ချစ်ဖို့လည်း ကောင်းနေပါတယ်နော်..။

Photo Credit - Sandy Myint Lwin’s Facebook
Photo Credit - Sandy Myint Lwin’s Facebook

Photo Credit - Sandy Myint Lwin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။