ချစ်ပရိသတ်ကြီးရေ....နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးလျက်ရှိတဲ့ အောင်လေးကတော့ ယခုနောက်ပိုင်းမှာဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မြန်မာပြည်ရောက် ကိုးရီးယားမင်းသားတစ်ယောက်လို့ ထင်မှတ်ရလောက်အောင် ချောမောခန့်ညားတဲ့ အောင်လေးကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာပါ ပါဝင်ရိုက်ကူးသရုပ်ဆောင်နေပြီဖြစ်ပါတယ်။

Photo Credit:Aung Lay Facebook
Photo Credit:Aung Lay Facebook

အောင်လေးကတော့ ခရီးတွေထွက်လိုက် ရိုက်ကူးရေးတွေ အနုပညာ အလုပ်တွေ ဆက်တိုက်ရိုက်နေတာလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ အထာကျကျခပ်မိုက်မိုက်ရိုက်ထားတဲ့ ပုံလေးတွေကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းက အထာကျကျ ဆွဲဆောင်မှုရှိလွန်းနေတာလည်းဖြစ်ပါတယ်။

Photo Credit:Aung Lay Facebook
Photo Credit:Aung Lay Facebook

မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အောင်လေးကို ပရိသတ်တွေက ချောမောပြီး သန့်ပြန့် တဲ့ရုပ်ရည်လေးကြောင့် စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်အောင်လေးက ပရိသတ်တွေကြားမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီ ဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် အောင်လေးရဲ့ အမိုက်စား ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit:Aung Lay Facebook
Photo Credit:Aung Lay Facebook

Source:Aung Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။