ပရိသတ်ကြီးရေ မင်းသမီးချောလေးဝင့်ယမုံနိုင်ကတော့ Mrtv4 ကထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းတွေကို ရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ဝင့်ယမုံနိုင်ဟာဆိုရင် တက်သစ်စအနုပညာရှင်လေးတစ်ယောက်ဖြစ်ပေမယ့် သရုပ်ဆောင်ချက်အိုင်တင်တွေက ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်လို့ ပရိသတ်တွေကသူမကို အရမ်းချီးကျူးကြပါတယ်နော်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

ဝင့်ယမုံနိုင်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာဖြစ်ပါတယ်။မြန်မာဆန်ဆန်အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ဝင့်ယမုံနိုင်ရဲ့အလှတွေက ကြည့်လေ ယဉ်လေနဲ့မရိုးသွားနိုင်တဲ့အလှစစ်ပဲဖြစ်ပါတယ်။စိတ်သဘောထားလေးကလည်းဖြူစင်သန့်ရှင်းလို့ မျက်နှာလေးကလည်းကြည်လင်ဝင်းပကာ လူချစ်လူခင်လည်းပေါများပါတယ်နော်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

အခုဆိုရင်တော့ ဝင့်ယမုံနိုင်က"ရိုးမပေါ်ကျတဲ့မျက်ရည်"ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပြပွဲကို တက်ရောက်လာပြီး မြန်မာဆန်ဆန်လေးနဲ့လှပနေတာဖြစ်ပါတယ်။ယဉ်ကျေးသိမ်မွေ့တဲ့ဟန်ပန်အပြည့်နဲ့ အရမ်းချစ်စရာကောင်းနေပြီး ရိုးရိုးလေးနဲ့လှနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ဝင့်ယမုံနိုင်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေပေးခဲ့ပါတယ်နော်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

Photo Credit:Li John Photography

Source:Wint Yamone Naing's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။