မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ချောမောလှပတဲ့မျက်နှာလေးနဲ့ ချစ်စရာကောင်းသလို စကားပြောဆိုရာမှာလည်း ချိုသာယဉ်ကျေးသူလေး ဖြစ်ပါတယ်။ ပန်းနုသွေးဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ မင်းသမီးလေးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မေမြင့်မိုရ်က ပရိသတ်တွေရဲ့အချစ်ကိုရယူပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ မေမြင့်မိုရ်က ဇာတ်လမ်းတွဲတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် ကြော်ငြာလေးတွေလည်း အများဆုံးရိုက်ကူးနေရပါတယ်။

Photo Credit- Alinn Yaung
Photo Credit- Alinn Yaung
Photo Credit- Alinn Yaung

လတ်တလောမှာဆိုရင်လည်း မေမြင့်မိုရ်ပါဝင်သရုပ်ဆောင်ထားတဲ့ " ရိုးမပေါ်ကျတဲ့မျက်ရည် " ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မေမြင့်မိုရ်က မြင့်မြတ်၊ ခင်လှိုင်၊ ထူးအောင်၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်စတဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားရတာ ဖြစ်ပါတယ်။ အခုလည်း မေမြင့်မိုရ်က " ရိုးမပေါ်ကျတဲ့မျက်ရည် " ရုပ်ရှင်ဇာတ်ကားကြီးရဲ့အထူးပွဲကို တစ်မူထူးခြားတဲ့ပုံစံလေးနဲ့ တက်ရောက်ခဲ့ပါတယ်။

Photo Credit- Alinn Yaung
Photo Credit- Alinn Yaung
Photo Credit- Alinn Yaung

မေမြင့်မိုရ်က (၁၉၈၀) ခုနှစ်ကလို အပြင်အဆင်မျိုးလေးနဲ့ မြန်မာဆန်ဆန်တစ်မျိုးလေး လှနေတာ ဖြစ်ပါတယ်။ အနုပညာမောင်နှမတွေနဲ့အတူ ပွဲတက်လာတဲ့ မေမြင့်မိုရ်ကတော့ " 'ရိုးမပေါ်ကျတဲ့မျက်ရည်' Red Carpet Show Back To 1980..." ဆိုပြီး ပွဲတက်ပုံရိပ်လေးတွေကို တင်ပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မေမြင့်မိုရ်ရဲ့ပွဲတက်အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: May Myint Mo's FB

Photo Credit- Alinn Yaung 

Photo Credit- Alinn Yaung
Photo Credit- Alinn Yaung
Photo Credit- Alinn Yaung
Photo Credit- Alinn Yaung
Photo Credit- Alinn Yaung
Photo Credit- Alinn Yaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။