ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိပြီး အောင်မြင်ကျော်ကြားတဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်အဖြစ် ထိပ်တန်းက ရပ်တည်နေတဲ့ သရုပ်ဆောင်မင်းသမီးချောကတော့ အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်နော်..။

ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းလွန်းတဲ့ ဟန်ပန်တွေနဲ့ ကျရာဇာတ်ရုပ်တွေကို အမြဲအကောင်းဆုံးကြိုးစားခဲ့တဲ့ အိန္ဒြာကျော်ဇင်ကတော့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ဇာတ်ကားမှာလည်း သူမတစ်ခါမှ မလုပ်ဖူးသေးတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်တွေ မြင်တွေ့ရမှာပါနော်..။


Photo Credit - Li John Photography
Photo Credit - Li John Photography

“ရိုးမပေါ်ကျတဲ့မျက်ရည်” ဇာတ်ကားမှာ ကိုတိုးဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ယောင်္ကျားလေးတစ်ယောက်အဖြစ် ကျားကျားရားရား သရုပ်ဆောင်ထားပြီး အချို့ဇာတ်ဝင်ခန်းတွေနဲ့ ဇာတ်ကောင်တွေ ပီပြင်ဖို့အတွက် အချိန်တိုင်း ဆေးလိပ်သောက် ကွမ်းစားခဲ့ရတယ်လို့ ဆိုပါတယ်နော်..။

ဇာတ်ကောင်ပီပြင်ဖို့ ဆေးလိပ်သောက် ကွမ်းစားတဲ့ ဟန်ပန်တွေကိုတော့ ခင်ပွန်းဖြစ်သူ ပြေတီဦးက သင်ပေးခဲ့ပြီး တကယ်ကွမ်းစား ဆေးလိပ်သောက်တဲ့ သူတွေရဲ့ ပုံစံမျိုးဖြစ်အောင် အမြဲတမ်းကွမ်းစားခဲ့တဲ့ အကြောင်းလေးကို ပြောပြလာခဲ့ပါတယ်နော်..။


Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook

ဇာတ်ကားရိုက်တဲ့ အခါမှာ ဇာတ်ရုပ်ကို ပိုပြီးပီပြင်အောင်လို့ တကယ်ကွမ်းစားတဲ့သူတွေလို အချိန်တိုင်း ကြိုးစားခဲ့ပြီး ဇာတ်ကားရဲ့ ဇာတ်ရုပ်ကို စငှားလာတုန်းက လုပ်နိုင်ပါ့မလားဆိုပြီး တွေဝေလိုက်သေးတယ် ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ဇာတ်ကားမှာ ကြိုးစားခဲ့တဲ့အောကာင်းလေးတွေကို ပြောပြထားတဲ့ အူဝဲရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook

Photo Credit - Eaindra Kyaw Zin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။