ပြည်သူချစ်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ မိုးဟေကိုကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းကလုပ်ဆောင်ခဲ့တာဖြစ်လို့ ပရိသတ်တွေနဲ့ရင်းနှီးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မိုးဟေကိုက လက်ရှိမှာဆိုရင် မိခင်ရဲ့ဘေးနားမှာနေပြီး ဂရုစိုက်စောက့်ရှောက်ပေးနေတာကြောင့် အနုပညာအလုပ်တွေကိုအများအပြားမလုပ်ကိုင်နိုင်ပေမယ့်လည်း ဖြည်းဖြည်းမှန်မှန်တော့လုပ်ဆောင်နေပါတယ်။

Photo Credit:Moe Hay Ko's Page
Photo Credit:Moe Hay Ko's Page

မကြာသေးခင်ကရက်ပိုင်းကမှ ရုံတင်တဲ့ "ပပဝတီစီရင်ခန်း"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဖွေးဖွေးနဲ့အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ထိုဇာတ်ကားကြီးကိုလည်း ပရိသတ်တွေကအရမ်းကြိုက်နှစ်သက်ကြပြီး အရမ်းအောင်မြင်ခဲ့ပါတယ်နော်။မိုးဟေကိုကတော့ ပရိသတ်တွေအားပေးရကျိုးနပ်တဲ့ သရုပ်ဆောင်ကောင်းတစ်လက်ဖြစ်ပါတယ်‌နော်။

Photo Credit:Moe Hay Ko's Page
Photo Credit:Moe Hay Ko's Page

အသက်၃၀ကျော်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့မိုးဟေကိုက နည်းနည်းလေးမှမလျော့သွားတဲ့ အလှအပတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ကျက်သရေရှိတဲ့အလှအပတွေက ခေါင်းအစခြေအဆုံးပြည့်စုံစွာလှပတာဖြစ်လို့ အခုဆိုရင်လည်း အရမ်းလှပတဲ့ရှု့ခင်းကြီးကို နောက်ခံထားပြီး သာယာအေးချမ်းနေတဲ့ မိုးရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Moe Hay Ko's Page
Photo Credit:Moe Hay Ko's Page

Photo Credit:Moe Hay Ko's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။