ပရိသတ်ကြီးရေ အကယ်ဒမီလူမင်းနဲ့ ခင်စံပယ်ဦးတို့ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်နဲ့လက်တွဲလာကြတာဖြစ်ပါတယ်။တစ်ခေတ်တစ်ခါမှာလည်း အရမ်းနာမည်ကြီးပြီး အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ အကယ်ဒမီလူမင်းကတော့ ယနေ့အချိန်မှာ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:Ayarwady Lu Min's Facebook/Amazing Grace
Photo Credit:Ayarwady Lu Min's Facebook/Amazing Grace
Photo Credit:Ayarwady Lu Min's Facebook

ချစ်ဇနီးချောလေးခင်စံပယ်ဦးကလည်း ချစ်ခင်ပွန်းရဲ့အနုပညာအလုပ်တွေကို တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက်ကူညီပေးပြီး အေးအတူပူအမျှချစ်ခင်ကြင်နာနေကြတာပါနော်။လူမင်းနဲ့ခင်စံပယ်ဦးတို့က သားတစ်ယောက် သမီးတစ်ယောက်ကို မွေးဖွားထားပြီး အခုချိန်မှာတော့ ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေကြတာပဲဖြစ်ပါတယ်။

Photo Credit:Ayarwady Lu Min's Facebook
Photo Credit:Ayarwady Lu Min's Facebook

လူမင်းနဲ့ခင်စံပယ်ဦးတို့ဇနီးမောင်နှံနှစ်ယောက်လက်တွဲလာကြတာဟာဆိုရင် ၇ရက် နိုဝင်ဘာ ၂၀၀၄ကနေစပြီးလက်တွဲလာကြတာ ဒီနေ့လေးမှာဆိုရင် မင်္ဂလာသက်တမ်း ၁၅နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပါတယ်နော်။သလင်းရတုတိုင်ထိအောင် ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့ ပေါင်းသင်းနေထိုင်နေကြပြီး အချစ်တွေမပြောင်းလဲသွားတဲ့ လူမင်းနဲ့ခင်စံပယ်ဦးတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Ayarwady Lu Min's Facebook
Photo Credit:Ayarwady Lu Min's Facebook

Photo Credit:Ayarwady Lu Min's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။