သရုပ်ဆောင်မင်းသားချော မြင့်မြတ်ကတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ရရှိထားသလို သားလေးဖြစ်တဲ့ ဂျူနီယာမြင့်မြတ်လေးကလည်း ပရိသတ်တွေအားလုံးရဲ့အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နေပုံထိုင်ပုံလေးတွေကအစ ဖေဖေမြင့်မြတ်နဲ့အရမ်းတူတဲ့ ဂျူနီယာမြင့်မြတ်လေးကိုတော့ ပရိသတ်တွေက မြင့်မြတ်ပေါက်စလေးလို့လည်း ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page
Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page
Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page

အသက်တစ်နှစ်ကျော်အရွယ်ရှိနေပြီဖြစ်တဲ့ ဂျူနီယာမြင့်မြတ်လေးက ပါးဖောင်းဖောင်းလေးတွေနဲ့ တစ်နေ့တစ်ခြား ပိုပိုပြီး ချစ်ဖို့ကောင်းလာတာ ဖြစ်ပါတယ်။ အခုလည်း ဂျူနီယာမြင့်မြတ်လေးက ကျောင်းမှာမေမေနဲ့အတူ လမ်းလျှောက်စသင်နေပုံလေးကလည်း အရမ်းကို အသည်းယားဖို့ကောင်းနေတာ ဖြစ်ပါတယ်။ မျက်လုံးအဝိုင်းသားလေးတွေနဲ့ လိုက်ကြည့်တတ်တဲ့ မြင့်မြတ်သားလေးကိုတော့ ပရိသတ်တွေက ချစ်ပြီးရင်းချစ်နေရပြီ ဖြစ်ပါတယ်။=

Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page
Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page
Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page

ဂျူနီယာမြင့်မြတ်လေးက ဦးထုပ်လေးဆောင်းထားတာကြောင့် ပြည့်ပြည့်ဖောင်းဖောင်းမျက်နှာလေးက ပိုပေါ်လွင်ပြီး ချစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မြင့်မြတ်ကိုသာမက သားဖြစ်တဲ့ ဂျူနီယာမြင့်မြတ် (ခေါ် ) မြတ်သူလေးကိုပါ အချစ်တွေပိုနေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေမေနဲ့အတူလမ်းလျှောက်စသင်နေတဲ့ ဂျူနီယာမြင့်မြတ်လေးရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page 

Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page
Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page
Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။