ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး နန္ဒာလှိုင်ဟာဆိုရင် ယခုလက်ရှိမှာ အနုပညာအလုပ်တွေကိုမလုပ်ကိုင်တော့ဘဲ စီးပွားရေးကိုသာလုပ်ဆောင်နေတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့ချစ်ပရိသတ်တွေကလည်း အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတဲ့ မင်းသမီးချောလေးကို ချစ်ခင်အားပေးနေကြဆဲပါနော်။နန္ဒာလှိုင်က ချစ်စရာသမီးလေးသုံးယောက်ကိုပိုင်ဆိုင်ထားလို့ ပျော်ရွှင်စရာမိသားစုဘဝလေးမှာအေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်းကလည်း သူမကိုအရမ်းချစ်ပြီးကြင်နာယုယကာ အားကိုးရတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသလို့ ပရိသတ်တွေကတောင် သူမရဲ့အိမ်ထောင်ရေးလေးကိုအားကျနေကြတာဖြစ်ပါတယ်။နန္ဒာလှိုင်က သမီးတွေနဲ့ချစ်ခင်ပွန်းအပေါ်ကိုသေချာဂရုစိုက်စောင့်ရှောက်သလို မိဘနှစ်ပါးနဲ့မောင်နှမတွေအပေါ်မှာလည်းသိတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

အခုဆိုရင်တော့ နန္ဒာလှိုင်က မိသားစုနဲ့အတူတူ အပြင်မှာထွက်စားကြီး မိသားစုတွေအများကြီးပျော်ပျော်ပါးပါးနဲ့ ချစ်ခင်စည်းလုံးနေကြတာကိုမြင်တွေ့ရတာအားကျစရာကြီးပါနော်။နန္ဒာလှိုင်ကတော့ သူမရဲ့မေမေကို"လှအိုးကွဲ မေမေ အဝတ်အစားဆိုအရောင်တောက်တောက်မှကြိုက်တယ် ဝတ်ထားတာနဲ့လိုက်အောင်ခရမ်းချဉ်သီးပါကိုင်ထားတယ်ဆိုဘဲ ဟိ"ဆိုပြီး အရမ်းလှနေတဲ့ မေမေ့ပုံရိပ်လေးကို မျှဝေလာပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

Photo Credit:Nandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။