မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ သရုပ်ဆောင်ကောင်းသလို ရုပ်ရည်လေးကလည်း အပြစ်ဆိုဖွယ်မရှိအောင် လှပလွန်းတာကြောင့် ပရိသတ်တွေကအချစ်ပိုနေရတာ ဖြစ်ပါတယ်။ ပန်းနုသွေးဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေရင်ကိုလှုပ်ခတ်စေခဲ့တဲ့ မေမြင့်မိုရ်က အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မေက တစ်နေ့ထက်တစ်နေ့ ပိုတိုးလို့အောင်မြင်လာတာ ဖြစ်ပါတယ်။

Photo Credit-Alinn Yaung
Photo Credit-Alinn Yaung
Photo Credit-Alinn Yaung

နူးညံ့သိမ်မွေ့တဲ့မိန်းကလေးတစ်ဦးအဖြစ် အမြဲတမ်းမြင်တွေ့ရတတ်တဲ့ မေမြင့်မိုရ်က လုံလုံခြုံခြုံဖက်ရှင်လေးတွေနဲ့ စွဲမက်ချင်စရာကောင်းအောင် ဝတ်စားဆင်ယင်တတ်တာ ဖြစ်ပါတယ်။ အခုလည်း မေက ပြည်မြို့မှာကျင်းပပြုလုပ်တဲ့ စိန်နန်းတော်ရဲ့ပွဲအခမ်းအနားလေးတစ်ခုကို အဖြူရောင်ဖက်ရှင်လေးနဲ့ တက်ရောက်လာခဲ့ပါတယ်။ ဒီပွဲလေးကိုတော့ မေမြင့်မိုရ်က မင်းသားချောနိုင်းနိုင်းနဲ့အတူ ပွဲတက်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Alinn Yaung
Photo Credit-Alinn Yaung
Photo Credit-Alinn Yaung
Photo Credit-Alinn Yaung

မေမြင့်မိုရ်နဲ့ နိုင်းနိုင်းတို့နှစ်ယောက်က စိန်နန်းတော်ပွဲလေးမှာ ပရိသတ်တွေရင်းရင်းနှီးနှီးတွေ့ဆုံပြီး အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဖိုးတန်လက်ဝတ်ရတနာတွေကို တစ်မျိုးပြီးတစ်မျိုး ဝတ်ဆင်ပြခဲ့တဲ့ မေမြင့်မိုရ်ကတော့ တကယ့်ကို ကျော့ရှင်းလှပနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မေမြင့်မိုရ်ရဲ့ ပွဲတက်အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: May Myint Mo's FB

Photo Credit-Alinn Yaung

Photo Credit-Alinn Yaung
Photo Credit-Alinn Yaung
Photo Credit-Alinn Yaung
Photo Credit-Alinn Yaung
Photo Credit-Alinn Yaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။