အဆိုတော်ယုန်လေးဟာ ဆယ်စုနှစ်ကျော်တိုင်အောင် ဂီတလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေသူတစ်ယောက်ပါ။ သူဟာ သီချင်းတိုင်းကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုတတ်သူ တစ်ယောက်ပါ။ ယုန်လေးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Credit - Yone Lay's Facebook
Photo Credit - Yone Lay's Facebook
Photo Credit - Yone Lay's Facebook

သူကတော့အနုပညာအလုပ်တွေကိုတတ်နိုင်တဲ့ဘက်ကကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားအက်ရှင်ကားကြီးတွေကိုလည်းပါဝင်သရုပ်ဆောင်ရိုက်ကူးနေတာဖြစ်ပြီးပရိသတ်အခိုင်အမာနဲ့အောင်မြင်နေတာပါ။ သူ့ရဲ့ဇာတ်ကားတွေကလည်းမြန်မာနိုင်ငံမှာကြည့်ရဖို့ခက်ခဲတဲ့ဇာတ်ကားမျိုးတွေဖြစ်တာကြောင့်ပရိသတ်တွေကလည်းသူ့ရဲ့အက်ရှင်ကားတိုင်းကိုအားပေးနေကြတာပါ။ အဆိုတော်အလုပ်သာမကသရုပ်ဆောင်ပိုင်းမှာပါထူးချွန်တာကြောင့်ပရိသတ်တွေသာမကအနုပညာရှင်တွေကပါချီးကျူးနေရတာပါ။  

Photo Credit - Yone Lay's Facebook
Photo Credit - Yone Lay's Facebook
Photo Credit - Yone Lay's Facebook

အခုမှာလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပုံရိပ်လေးတစ်ခုတင်ထားတာပါ။ ဒါကတော့ " MV လေးထွက်ပြီးထဲက ကျွန်တော်တို့ ပျော်လွန်လို့

ငိုပြီးပြီ ဆိုပြီး ဖုန်းဆက်ပါတယ် ။

အခု ရန်ကုန်ရောက်တော့လည်း

ကွင်းထဲ အထိ လာကန်တော့တဲ့ ညီလေးနှစ်ယောက်ကို

တကယ်ကြည့်ပြီး ပီတိဖြစ်မိပါတယ် ။

လေ့လာစရာတွေ လေ့လာပြီး ကိုရူးသွတ်တဲ့ အနုပညာကို

ဆက်လက် ရူးသွတ်နိုင်ပါစေ .

Nov 8 မှာ Music World

Nov 9 မှာ Lighting Festival

Nov 12 မှာ လမ်းမတော် တန်ဆောင်တိုင် မှာ သူတို့

ဖျော်ဖြေမှာပါ . အားပေးကျဖို့လည်းဖိတ်ခေါ်ပါတယ်။" ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Yone Lay's Facebook

Photo Credit - Yone Lay's Facebook

Photo Credit - Yone Lay's Facebook
Photo Credit - Yone Lay's Facebook
Photo Credit - Yone Lay's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။