သဉ္ဇာနွယ်ဝင်းရဲ့သားလေးကတော့ အရမ်းကိုချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေကပါ ဝိုင်းချစ်နေရတဲ့ ကလေးလေးဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံရဲ့ပထမဆုံးသားဦးရတနာလေးဖြစ်တဲ့ Peach ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့က ဝိတိုရိယဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Peach လေးက ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် တဖြည်းဖြည်းနဲ့ ကြီးပြင်းလာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

ဒီနေ့နိုဝင်ဘာလ (၇) ရက်နေ့ကတော့ သဉ္ဇာနွယ်ဝင်းရဲ့သား Peach လေးရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မက်မွန်သီးလေးလို လုံးလုံးလေးနဲ့ ချစ်ဖို့ကောင်းတာကြောင့် Peach လေးလို့ ချစ်စနိုးနဲ့နာမည်ပေးထားတဲ့ သားလေးက ဒီနေ့မှာ အသက် (၂)နှစ်တိတိပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ ကျန်းကျန်းမာမာနဲ့တစ်နေ့တစ်ခြား ကြီးပြင်းလာတဲ့ Peach လေးကတော့ ပိုပိုပြီးချစ်ဖို့ကောင်းလာတာပဲ ဖြစ်ပါတယ်။

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

သားလေးတစ်ယောက်နဲ့ ပျော်ရွှင်ချမ်းမြေ့နေတဲ့ သဉ္ဇာနွယ်ဝင်းတို့မိသားစုဘဝလေးထဲကိုတော့ မကြာခင်မှာ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်က ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သဉ္ဇာနွယ်ဝင်းက သားလေးကိုပြုစုစောင့်ရှောက်ရင်း ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဒီနေ့မှာအသက်(၂)နှစ်ပြည့်သွားတဲ့ သဉ္ဇာနွယ်ဝင်းရဲ့သား Peach လေးရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Thinzar Nwewin's FB 

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။