ကာရိုက်တာမျိုးစံကို အပိုလိုမရှိကွက်တိသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေသာမက အနုပညာရှင်များကပါ ချီးကျူးနေရသူကတော့ သရုပ်ဆောင် မင်းသမီးကြီး စိုးမြတ်သူဇာပါ။ သူဟာ အနုပညာအလုပ်တွေကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့နှစ်ပေါင်းများစွာတိုင်အောင် ကြိုးစားလုပ်ကိုင်နေတာပါ။ သူပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကိုလည်း ပရိသတ်တွေက တစ်ခဲနက်အားပေးကြတာပါ။  

Photo Credit - Soe Kyi Phyu's Facebook
Photo Credit - Soe Kyi Phyu's Facebook
Photo Credit - Soe Kyi Phyu's Facebook

မကြီးစိုးဟာ ညီမလေးယောက်စုပေါင်းကာ မင်းသမီး ဆိုတဲ့ ပိုးထည်ဆိုင်လေးကို ဖွင့်လှစ်ထားတာပါ။ မကြီးစိုးဟာ ယနေ့ထိတိုင် မိဘနှစ်ပါးကို လုပ်ကျွေးပြုစုစောင့်ရှောက်နေတဲ့ သမီးအလိမ္မာလေးတစ်ယောက်ပါ။ သူမရဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်တာလေးတွေကို ပရိသတ်တွေက ချစ်မဝဖြစ်နေရတာပါ။ သူမဟာ တူနဲ့တူမလေးတွေကိုလည်း ကိုယ့်သား၊သမီးအရင်းသဖွယ် ချစ်ခင်သူပါ။  

Photo Credit - Soe Kyi Phyu's Facebook
Photo Credit - Soe Kyi Phyu's Facebook
Photo Credit - Soe Kyi Phyu's Facebook

အားလပ်ချိန်များကိုလည်း တူနဲ့တူမလေးကို အချိန်ပေးကာ ကုန်ဆုံးတတ်သူတစ်ယောက်ပါ။ အခုတစ်ခေါက်မှာလည်း မကြီးစိုးရဲ့ မိခင်ဖြစ်သူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာပါ။ ဒါကတော့ " မယ်မယ်နှင့်သူ၏ကလေးနှစ်ယောက်" ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ မကြီးစိုးတို့တူအရီးသုံးယောက်ရဲ့ ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Soe Kyi Phyu's Facebook  

Photo Credit - Soe Kyi Phyu's Facebook
Photo Credit - Soe Kyi Phyu's Facebook
Photo Credit - Soe Kyi Phyu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။