မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ မိုးယုစံကတော့ သားလေးတစ်ယောက်ရယ် ချစ်ခင်ပွန်းရယ်နဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးမှာအေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းပြန်လည်လုပ်ဆောင်လာပြီး ပွဲအခမ်းအနားတွေတက်ရောက်နေကာ ကြော်ငြာတွေကိုလည်း မိုးယုကလက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

မိုးယုစံက သူမရဲ့တစ်ဦးတည်းသောသားလေးကောင်းသိင်္ခမိုးသူကိုလည်း သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး မိခင်တာဝန်တွေကျေပြွန်တာကြောင့် သားလေးက ထူးချွန်ထက်မြက်စွာနဲ့ ကျန်းကျန်းမာမာကြီးပြင်းလာတာဖြစ်ပါတယ်။ကောင်းသိင်္ခမိုးသူလေးက ၂နှစ်ကျော်သွားပြီဖြစ်လို့ စကားတွေလည်းတီတီတာတာပြောတတ်ကာ လိမ္မာရေးခြားလည်းရှိတဲ့ ကလေးလေးဖြစ်ပါတယ်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

အခုလက်တလောမှာတော့ မေမေမိုးယုစံက ရှမ်းပြည်နယ်ဘက်ကို ခရီးထွက်နေတာဖြစ်ပါတယ်။မိုးယုကတော့ ရှမ်းပြည်နယ်ရဲ့အထင်ကရနေရာတွေကို သွားရောက်လည်ပတ်ပြီး အခုဆိုရင်လည်း "ဝိုင်တွေသိမ်းတဲ့နေရာလေး ဘာမှမဟုတ်ဘူးလှလို့ရိုက်တယ် မိန်းမလေးတို့သဘာဝတွေ့တဲ့နေရာရိုက်"ဆိုပြီး နှစ်ချို့ဝိုင်တွေကြားမှာ ပိုစ့်လေးတွေပေးနေတဲ့ မိုးယုရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

Photo Credit:Moe Yu San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။