အိုက်တင်အမျိုးစုံကို မထပ်ရအောင် လုပ်နိုင်သူကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်ပါ။ သူမဟာ ကာရိုက်တာမျိုးကို အပိုလိုမရှိသရုပ်ဆောင်နိုင်တဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ပါ။ ပရိသတ်တွေကလည်း သူမရဲ့ပွင့်လင်းတဲ့ စကားပြောပုံလေးတွေကို ချစ်မဝဖြစ်နေရတာပါ။ မခိုင်လေးဟာ ချစ်ရတဲ့ ခင်ပွန်း၊သမီးလေးနဲ့အတူ ကြည်နူးပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်စူတစ်ယောက်ပါ။  

Photo Credit - Khine Thin Kyi's Facebook Page
Photo Credit - Khine Thin Kyi's Facebook Page
Photo Credit - Khine Thin Kyi's Facebook Page

မခိုင်လေးဟာ အသက်လေးဆယ်ကျော်အရွယ်လို့ ထင်ရက်စရာမရှိအောင်ကို နုပျိုလွန်းသူတစ်ယောက်ဖြစ်ပြီး ကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး အားကစား လည်း လိုက်စားသူတစ်ယောက်ပါ။ သူမဟာ ဆယ်ကျော်သက် အရွယ်သမီးငယ်လေးနဲ့တောင် ဆင်တူအင်္ကျီလေးတွေဝတ်တိုင်း ညီမတွေလို့ ဝိုင်းဝန်းစနောက်ရတဲ့အထိ နုပျိုသူ တစ်ယောက်ပါ။ မခိုင်လေးရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို ဝေမျှလေ့ရှိသူတစ်ယောက်ပါ။  

Photo Credit - Khine Thin Kyi's Facebook Page
Photo Credit - Khine Thin Kyi's Facebook Page
Photo Credit - Khine Thin Kyi's Facebook Page

အခုတစ်ခါမှာလည်း သူမရဲ့ Facebook Page မှာ Live လွှင့်ခဲ့တာပါ။ ဒါကတော့ သူမလက်ရှိရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းတစ်ခု ကိုရိုက်ကူးနေတာပါ။ ဒီဗီဒီယိုလေးထဲမှာ မခိုင်လေးဟာ မျက်နှာအမူအရာအမျိုးမျိုးနဲ့ ချစ်စရာကောင်းလောက်အောင် အိုက်တင်လုပ်ပြနေတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Khine Thin Kyi's Facebook Page

Photo Credit - Khine Thin Kyi's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။