ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာကတော့ ဟိုးအရင်ခေတ်ကတည်းက ဆံနွယ်ရှည်ရှည်နဲ့အရမ်းလှတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အများအပြားရိုက်ကူးခဲ့ပြီး ပရိသတ်တွေကလက်ခံအားပေးရတဲ့မင်းသမီးချောလေးတစ်ယောက်ပါ။ဆုပန်ထွာက အခုချိန်မှာဆိုရင် သီချင်းတွေလည်းဆိုနေတာကြောင့် သူမသီဆိုထားတဲ့သီချင်းလေးတွေကလည်း လူငယ်ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားအောင်မြင်ပါတယ်နော်။

Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook

ပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်ထားတဲ့ ဆုပန်ထွာက ချစ်စရာသားသားလေးတစ်ယောက်ရဲ့ မိခင်လည်းဖြစ်ပါတယ်။ချစ်ခင်ပွန်းကိုဥက္ကာကျော်ကလည်း ဆုပန်ထွာကိုအရမ်းချစ်ပြီး ကြင်နာယုယတာကြောင့် ဆုပန်ထွာရဲ့ မိသားစုစုဘဝလေးကအားကျစရာပါပဲနော်။လက်တလောမှာတော့ ဆုပန်ထွာက ဖျော်ဖြေရေးပွဲတစ်ခုအတွက် အမေရိကန်ပြည်ထောင်စုကို ရက်အတော်ကြာရောက်ရှိနေတာပဲဖြစ်ပါတယ်။

Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook

ချစ်ခင်ပွန်းကိုဥက္ကာကျော်ကတော့ သားလေးနဲ့အတူအိမ်မှာကျန်ခဲ့ပြီး သားသားလေးကိုသေချာဂရုစိုက်ပေးကာ Roar Roar နဲ့အတူတူဆော့ကစားပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း Roar Roar လေးက "ဆုပန်ထွာသားလေးမဟုတ်ဘူး ဒယ်ဒယ့်သား"ဆိုပြီး ဖေဖေ့နာမည်ကိုမှန်အောင်ပြောကာ စကားတွေအရမ်းတတ်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးလည်းမြင်တွေ့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook

Photo Credit:Okkar Kyaw's Facebook

Video Credit:Okkar Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။