ပရိသတ်တွေအရမ်းအားပေးရတဲ့ အဆိုတော်အေသင်ချိုဆွေဟာဆိုရင် တေးသီချင်းကောင်းလေးတွေကို သူမရဲ့အသံချိုချိုလေးနဲ့သီဆိုပြီး အောင်မြင်မှုတွေကို ရရှိလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အေသင်ချိုဆွေသီဆိုခဲ့တဲ့ သီချင်းလေးတွေက အခုချိန်ထိတောင် မရိုးသွားဘဲ နားထောင်လို့ကောင်းနေဆဲဖြစ်ပါတယ်။အေသင်ချိုဆွေကတော့ အခုဆိုရင် အနုပညာအလုပ်တွေကို သမီးလေးတစ်ဖက်နဲ့ ပြန်လည်လုပ်ဆောင်နေပါပြီနော်။

Photo Credit:Athen Cho Swe's Facebook
Photo Credit:Athen Cho Swe's Facebook
Photo Credit:Athen Cho Swe's Facebook

အေသင်ရဲ့သမီးလေးဗီးဗီးကလည်း ဆံပင်ကောက်ကောက်လေးတွေနဲ့အရုပ်မလေးလိုအရမ်းချစ်စရာကောင်းပါတယ်နော်။အေသင်က သမီးလေးရဲ့အနာဂတ်အတွက် အလုပ်တွေကိုကြိုးစားလုပ်ဆောင်နေကာ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ဆောင်ချိန်မှာလည်း ပရိသတ်တွေကဝမ်းသာအားရနဲ့ ကြိုဆိုကြတဲ့အပြင် သူမရဲ့တစ်ဦးတည်းသောသမီးလေးကိုလည်း အရမ်းချစ်ကြပါတယ်နော်။

Photo Credit:Athen Cho Swe's Facebook
Photo Credit:Athen Cho Swe's Facebook
Photo Credit:Athen Cho Swe's Facebook

အခုဆိုရင်တော့ ဗီးဗီးလေးက အရမ်းနေမကောင်းဖြစ်နေလို့ မေမေအေသင်ကသေချာပြုစုပေးနေရကာ"တော်သေးတာပေါ့ အဖျားကျပီးနည်းနည်းသက်သာလာပီ ကိုယ့်မှာ၂ရက်ရှိပီ ဘယ်မှမသွားနိုင် အလုပ်ကိစ္စဘာမှ မစဉ်းစားနိုင်ဖြစ်နေတာ နေမကောင်းမဖြစ်ပါနဲ့ ဗီးလေးရယ် မေမေလည်း အရင်ကထက် ပိုဂရုစိုက်ပါ့မယ်။"ဆိုပြီး သမီးလေးဖျားလို့စိတ်မကောင်းနေတဲ့ မေမေအေသင်ကအခုလိုပဲမျှဝေလာပါတယ်နော်။

Photo Credit:Athen Cho Swe's Facebook
Photo Credit:Athen Cho Swe's Facebook
Photo Credit:Athen Cho Swe's Facebook

Photo Credit:Athen Cho Swe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။