photo credit - Evil Geniuses facebook

Evil Geniuses အသင်းရဲ့ captain ဖြစ်သူ Fly ရဲ့နာမည်အရင်းကတော့ Tal Aizik ပဲဖြစ်ပါတယ်။

Fly ရဲ့ birth date ကတော့ 1993 March 9 ဖြစ်တာကြောင့် အခုဆိုရင် Fly ဟာ အသက် 26 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Fly ပထမဆုံးကစားခဲ့တဲ့ team ကတော့ Fnatic.EU ဖြစ်ပြီး NOtail နဲ့အတူ 2012 ခုနှစ် 3 လပိုင်းကနေ 2014 ခုနှစ် 8 လပိုင်းအထိကစားခဲ့ပါတယ်။

Fnatic ကထွက်ပြီးနောက်မှာလည်း Fly ဟာ ညီအစ်ကိုချစ်ခင်တဲ့ Notail နဲ့အတူ Team Secret ကိုပြောင်းရွှေ့ခဲ့ပေမယ့် 4 လလောက်ကစားပြီးတဲ့နောက်မှာ Team Secret ကထွက်ခွာပြီး MeePwn’d အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာ နှစ်လလောက်ကစားပြီးတဲ့နောက်မှာတော့ ပြန်လည်ထွက်ခွာပြီး 2015 ခုနှစ် 5 လပိုင်းမှာ Complexity Gaming ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Complexity အသင်းမှာလည်း Fly ဟာ သုံးလလောက်သာကစားခဲ့ပြီး (monkey) Business အသင်းကိုထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

(monkey) Business အသင်းမှာ နှစ်လလောက်ကစားပြီးတဲ့နောက်မှာဆိုရင်လည်း Fly ဟာ Notail ရဲ့ကမ်းလှမ်းမှုနဲ့အတူ OG အသင်းကိုရောက်ရှိလာခဲ့ပါတယ်။

OG အသင်းမှာတော့ Fly ဟာ 2015 ခုနှစ် 10 လပိုင်းကနေ 2018 ခုနှစ် 5 လပိုင်းအထိကစားခဲ့ပြီး အောင်မြင်မှုတွေရရှိနိုင်ဖို့အတွက်ဆိုပြီး Evil Geniuses ကိုပြောင်းရွှေ့ခဲ့ပါတယ်။

အဲ့အချိန်ကနေစတင်ပြီး Notail နဲ့ Fly ရဲ့ကြားက ရင်းနှီးမှုတွေပြောက်ဆုံးခဲ့သလို Fly ထွက်ခွာခဲ့တဲ့ OG က 2 နှစ်ဆက်တိုက် Ti champion ဖြစ်ခဲ့ပေမယ့် Fly ကတော့ အခုချိန်ထိ Ti Champion ဆုနဲ့ဝေးကွာနေဆဲပဲဖြစ်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။