ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ မကြာခင်မှာ မင်္ဂလာသက်တမ်း၁နှစ်ပြည့်တော့မှာဖြစ်ပြီး ယနေ့အချိန်ထိတိုင် ကလေးမယူသေးဘဲ နှစ်ယောက်တည်းသာသာယာယာနေထိုင်နေကြတာဖြစ်ပါတယ်။ရွှေထူးက ချစ်ဇနီးချောလေးရွှေမှုံကို ကလေးလေးတစ်ယောက်လိုအလိုလိုက်ပေးပြီး အရမ်းကြင်နာယုယတတ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Htoo Khant's Facebook/Amazing Grace
Photo Credit:Htoo Khant's Facebook

ရွှေမှုံလေးကလည်းအသက်သာငယ်ပေမယ့် အိမ်ရှင်မတစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေကိုကျေပြွန်ပြီး ချစ်ခင်ပွန်းရဲ့အလုပ်ကိစ္စတွေကိုလည်း တတ်နိုင်သလောက်ကူညီဖေးမပေးတာဖြစ်ပါတယ်။ရွှေမှုံတို့နှစ်ယောက်လုံးက အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အောင်မြင်နေကြတဲ့အနုပညာရှင်တွေဖြစ်ပါတယ်။

Photo Credit:Htoo Khant's Facebook
Photo Credit:Htoo Khant's Facebook
Photo Credit:Htoo Khant's Facebook

ပရိသတ်တွေကတော့ ရွှေထူးနဲ့ရွှေမှုံရတီတို့ရဲ့ သာယာအေးချမ်းတဲ့အိမ်ထောင်ရေးလေးကို အားကျနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရွှေထူးကတော့ ချစ်ဇနီးချောလေးကိုခေါ်ပြီး"စောစောစီးစီး ဒီချာတိတ်နဲ့ Tea ဆိုင်ထိုင်."ဆိုကာ နှစ်ယောက်တည်း သာသာယာယာ လဘက်ရည်ဆိုင်ထိုင်နေတဲ့ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက်မျှဝေလာပါတယ်နော်။

Photo Credit:Htoo Khant's Facebook
Photo Credit:Htoo Khant's Facebook

Photo Credit:Htoo Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။