ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းပါ။ သူမဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို မလုပ်တော့ပဲ မိသားစုကိုသာ အချိန်ပေးနေတာပါ။ ချစ်ခင်ပွန်းရဲ့ လိုလေသေးမရှိအောင် ဂရုစိုက်မှုတွေေကြောင့်လည်း ကြည်နူးပျော်ရွှင်နေရတာပါ။  

Photo Credit - Thinzar Nwe Win's Facebook
Photo Credit - Thinzar Nwe Win's Facebook
Photo Credit - Thinzar Nwe Win's Facebook

သူမဟာ မကြာခင်မှာလည်း ဒုတိယမြောက် သမီးရတနာလေးကိုမွေးဖွားတော့မှာပါ။ သမီးလေးအတွက် အသုံးအဆောင် ပစ္စည်းများကိုလည်းကြိုတင်စုဆောင်းထားတာပါ။ သားလေးကလည်း ညီမလေးရောက်ရှိလာတော့မှာကို ပျော်ရွှင်နေတာပါ။ မနေ့ကလည်းPeach Lay လေးရဲ့ နှစ်နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပါ။  

Photo Credit - Thinzar Nwe Win's Facebook
Photo Credit - Thinzar Nwe Win's Facebook
Photo Credit - Thinzar Nwe Win's Facebook

သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံဟာ သားလေးမွေးနေ့အလှူအဖြစ် ရန်ကုန်ဆေးရုံကြီးမှာ အသည်းအစားထိုးလူနာတွေအတွက် အလှူငွေကျပ်ဆယ်သိန်းကို လှူဒါန်းခဲ့တာပါ။ သားလေးရဲ့ မွေးနေ့လေးကိုမိသားစုသုံးယောက် ပျော်ပျော်ပါးပါး မွေးနေ့ကိတ်ခွဲခဲ့ကြတာပါ။ မေမေသဉ္ဇာကလည်း " မေမေကမွေးတော့မှာဆိုတော့ နောက်နှစ်မှမွေးနေ့လုပ်ပေးတော့မယ်နော်" ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Thinzar Nwe Win's Facebook

Photo Credit - Thinzar Nwe Win's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။