ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုတဲ့ အလှလေးတွေကြောင့် အားလုံးကချစ်နေရတဲ့ ကောင်မလေးကတော့ မော်ဒယ် ယွန်းဝတီလွင်မိုးပါ။ သူမဟာ ယခုချိန်မှာတော့ ချစ်စရာသားလေးရဲ့ မေမေ တစ်ဦးဖြစ်လာပြီ ဖြစ်ပြီး အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူလေးပါ။ သားလေးဟာလည်း ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတာပါ။

Photo Credit - Yunwaddy's Instagram
Photo Credit - Yunwaddy's Instagram
Photo Credit - Yunwaddy's Instagram

ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံဟာ ဩစတေးလျနိုင်ငံမှာ ပညာသွားရောက်သင်ကြားနေတာပါ။ အခုမှာတော့ ကျောင်းပိတ်ရက်ရောက်ပြီဖြစ်တာကြောင့် သားလေးနဲ့တွေ့ဆုံရန် မြန်မာနိုင်ငံကို ပြန်လာနေကြတာပါ။ သူတို့နှစ်ယောက်ဟာ သားလေးကိုတွေ့ဆုံရတော့မှာ ဖြစ်တဲ့အတွက် ပျော်ရွှင်နေကြတာပါ။

Photo Credit - Yunwaddy's Instagram
Photo Credit - Yunwaddy's Instagram
Photo Credit - Yunwaddy's Instagram

ဒီနေ့မှာတော့ လီလီလုံးလေးဟာ ဖေဖေ၊မေမေတို့နဲ့တွေ့ဆုံရန် လေဆိပ်ကို သွားရောက်ကြိုဆိုနေတာပါ။ တီတီယွန်းနဒီလွင်မိုးရဲ့ Instagram stories မှာလည်း လီလီလုံးလေးတို့မိသားစုတွေ့ကာပျော်နေကြတဲ့ ဗီဒီယိုလေးကို တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Yunnandylm’s Instagram Stories

Photo Credit - Yunwaddy's Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။