ပရိသတ်ကြီးရေ မင်းသမီးချောလေးမိုးဟေကိုကတော့ ခေတ်တစ်ခေတ်တည်းကနေအောင်မြင်မှုတွေကိုရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာလုပ်ဆောင်နေရင်း မိခင်ဘေးနာမှာအမြဲနေကာပြုစုစောင့်ရှောက်ပေးနေတဲ့ သမီးလိမ္မာလေးပါနော်။မိုးဟေကိုရဲ့ချစ်ပရိသတ်တွေကတော့ မိဘအပေါ်သိတတ်တဲ့သူမရဲ့စိတ်ထားလေးကို ချီးကျူးနေကြတာဖြစ်ပါတယ်။

Photo Credit:Moe Hay Ko's Facebook/Li John Photography
Photo Credit:Moe Hay Ko's Facebook/ Li John Photography
Photo Credit:Moe Hay Ko's Facebook /Li John Photography

မိုးဟေကိုက ခေါင်းအစ ခြေအဆုံးပြီးပြည့်စုံစွာလှပပြီး အသက်၃၀ကျော်ထိတိုင် နုပျိုလန်းဆန်းပြီး လှသွေးကြွယ်နေဆဲပဲဖြစ်ပါတယ်။သူမကို ပရိသတ်တွေက တစ်ခဲနက်အားပေးဝန်းရံနေကြတာကြောင့် သူမရဲ့အောင်မြင်မှုတွေကမကျသွားဘဲ အနုပညာလောကမှာ ရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်နော်။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်နေတာကြောင့် သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း ပရိသတ်တွေအားပေးရကျိုးနပ်ပါတယ်။

Photo Credit:Moe Hay Ko's Facebook

အေးချမ်းသာယာစွာနေထိုင်တတ်တဲ့ မိုးဟေကိုက အခုဆိုရင်တော့ ပြင်ဦးလွင်ဘက်ကိုခရီးထွက်နေပြီး သာယာလှပတဲ့ရှု့ခင်းတွေကို ငေးမောခံစားနေတာဖြစ်ပါတယ်။လူငယ်စတိုင်လ်လွတ်လပ်ပေါ့ပါးစွာဝတ်ဆင်ထားတာကြောင့် ဆယ်ကျော်သက်လေးလိုအရမ်းလှပပြီး ကလေးလေးနဲ့တူနေတဲ့ မိုးဟေကိုရဲ့ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Moe Hay Ko's Facebook
Photo Credit:Moe Hay Ko's Facebook
Photo Credit:Moe Hay Ko's Facebook

Photo Credit:Moe Hay Ko's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။