မျက်ခုံးထူထူလေးဖြစ်အောင် သဘာဝနည်းလမ်းတွေနဲ ့ဘယ်လိုလုပ်မလဲ

ပရိသတ်ကြီးရေ မျက်ခုံးလေးတွေ ပါးနေလို ့စိတ်ညစ်နေမယ်ဆိုရင် မျက်ခုံးကို ထူထဲနက်မှောင်လာစေတဲ့ လွယ်ကူရိုးရှင်းလှတဲ့ သဘာဝနည်းလမ်းလေးတွေရှိပါတယ်။ အဲ့ဒါတွေကတော့…

ပထမဆုံးအနေနဲ ့ကတော့ ပရိုတိန်း ဗီတာမင်တွေ ဖက်တီးအက်ဆစ်တွေနဲ ့ဓါတ်တိုးဆန် ့ကျင်ဂုဏ်သတ္တိတွေ ကြွယ်ဝတဲ့ ကြက်ဆူဆီပဲဖြစ်ပါတယ်။

မွေးညင်းပေါက်လေးတွေကို အားဖြည့်ပေးနို်င်တာကြောင့်မျက်ခုံးထူလာစေဖို ့ကူညီပေးနိုင်ပါတယ်။

နားကျပ်တဲ့ ဂွမ်းထိပ်လေးမှာ ကြက်ဆူဆီကို ဆွတ်ပြီး မျက်ခုံးတစ်ဖက်ဆီကို 

လိမ်းပေးရပါမယ် ။

လက်ချောင်းလေးတွေနဲ ့၂ မိနစ် ၃ မိနစ်ကြာမျှ ညင်ညင်သာသာနှိပ်နယ်ပေးပါ။ အနည်းဆုံး မိနစ် ၃၀ ဒါမှမဟုတ် တစ်ညလုံးထားပြီးရင်တော့

အပျော့စား ဆပ်ပြာရည် နဲ ့ရေနွေးလေးကို အသုံးပြုပြီး ဆေးချပေးလိုက်ပါ။ တစ်ရက်ကို တစ်ကြိမ်လောက် တိုးတက်မှုကို တွေ ့မြင်လာတဲ့အထိ ပြုလုပ်ပေးပါက မျက်ခုံးလေးထူလာပါလိမ့်မယ်။ 

နောက်တစ်ခုကတော့ ဗီတာမင်အီးကြွယ်ဝတဲ့ အုန်းဆီဖြစ်ပြီး ပုံမှန်လိမ်းပေးပါက ကျန်းမာသန်စွမ်းတဲ့ မျက်ခုံးကို ရရှိစေပါတယ်။

လက်ချောင်းထိပ်လေးတွေကို အသုံးပြုပြီးတော့ အပူပေးထားတဲ့ အုန်းဆီအနည်းငယ်ကို မျက်ခုံးတွေအပေါ်ကို လိမ်းပေးပါ။

သွေးလည်ပတ်မှုအားကောင်းစေဖို ့အတွက် မိနစ်အနည်းငယ်ကြာမျှ ညင်သာစွာနှိပ်နယ်ပေးပါ။ တစ်ညလုံးထားပြီးတဲ့နောက် နောက်နေ ့မနက်မှာ

ရေနွေးလေးနဲ ့ဆေးကြောပေးပါ။ တစ်လ မှ နှစ်လအထိ နေ ့စဉ်ပြုလုပ်ပေးပါက မျက်ခုံးလေး ထူထဲလာတာကို တွေ ့မြင်နို်င်ပါတယ်။ 

သံလွင်ဆီဟာလည်း ဗီတာမင်အီးကြွယ်ဝပြီး မျက်ခုံးထူဖို ့အတွက် ကောင်းမွန်လှတဲ့ သဘာဝပစ္စည်းပဲဖြစ်ပါတယ်။ မျက်ခုံးကို မြန်မြန်ဆန်ဆန်လေး ထူထဲလာစေချင်ပါက သံလွင်ဆီကို အသုံးပြုသင့်ပါတယ်။ အပူပေးထားတဲ့ သံလွင်ဆီကို မျက်ခုံးပေါ်ကို လိမ်းပြီး ၅ မိနစ်ကြာမျှ နှိပ်နယ်ပေးပါ။ တစ်ညလုံးထားပြီး နောက်တစ်နေ ့မနက်မှာ ရေနွေးလေးနဲ ့ဆေးကြောပေးပါ။ တစ်နေ ့ကို တစ်ကြိမ်လောက် ကိုယ်လိုချင်တဲ့မျက်ခုံးပုံစံရတဲ့ အထိ ပုံမှန်လေးလိမ်းပေးဖို ့လိုပါတယ်။ 

ကြက်သွန်နီအရည်ဟာလည်း နက်မှောင်ထူထဲတဲ့မျက်ခုံးကို မြန်မြန်ဆန်ဆန်ရရှိစေဖို ့အကူအညီပေးပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ sulfur ဓါတ်က

မျက်ခုံးထူထဲလာစေဖို ့လိုအပ်တဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးပါတယ်။ ကြက်သွန်နီအသေးတစ်လုံးကို ကြိတ်ချေပြီး အရည်စစ်ထုတ်ပါ။ ရရှိလာတဲ့ ကြက်သွန်နီရည်ကို မျက်ခုံးပေါ်မှာ လိမ်းပြီး ၅ မိနစ်ကြာမျှနှိပ်နယ်ပေးပါ။ ခြောက်သွားတဲ့အထိစောင့်ပြီး ဆပ်ပြာအပျော့စားနဲ ့ရေအေးကို အသုံးပြုကာ

ဆေးကြောပေးလိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်နေ ့ကို တစ်ကြိမ်ပြုလုပ်ပေးနို်င်ပါတယ်။  

မျက်ခုံးမွေးသန်စွမ်းစေဖို ့အတွက် keratin ပရိုတိန်းကို လိုအပ်တာကြောင့် ပရိုတိန်းဓါတ်ကြွယ်ဝတဲ့ ကြက်ဥကို အသုံးပြုပေးနိုင်ပါတယ်။ ကြက်ဥတစ်လုံးကို ဖောက်လိုက်ပြီး အနှစ်နဲ ့အကာကို ခွဲထားပါ။ ကြက်ဥအနှစ်ကို စေးကပ်တဲ့ အထိမွှေပေးပါ။ နားကျပ်တဲ့ဂွမ်းထိပ်လေးကိုသုံးပြီး မျက်ခုံးတစ်ဖက်စီကို

လိမ်းပေးပါ။ ၁၅ မိနစ် သို ့မိနစ် ၂၀ အကြာထားပြီးပါက ရေအေးနဲ ့ဆေးပါ။ တစ်ပတ်ကို တစ်ကြိမ် သို ့နှစ်ကြိမ် ပြုလုပ်ပေးမယ်ဆိုရင်

ကျေနပ်စရာရလဒ်လေးကို မကြာခင်တွေ ့မြင်နို်င်မှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။