ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မိုးယုစံကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်ပြန်လည်လုပ်ဆောင်နေပြီး မိသားစုနဲ့အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်လာတဲ့ မိုးယုစံကို ပရိသတ်တွေကလည်း ဝမ်းသာအားရကြိုဆိုကြပြီး တစ်ခဲနက်ကိုအားပေးဝန်းရံနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

မိုးယုစံရဲ့ တစ်ဦးတည်းသောသားလေး ကောင်းသိင်္ခမိုးသူကလည်း ၂နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး မေမေ့ရဲ့ဂရုစိုက်စောင့်ရှောက်မှုတွေအောက်မှာ ထူးချွန်ထက်မြက်စွာနဲ့ ကြီးပြင်းလာတာဖြစ်ပါတယ်။ကောင်းသိင်္ခမိုးသူလေးက အရမ်းအေးချမ်းပြီးလိမ္မာကာ မျက်နှာလေးကလည်းချစ်မွှေးပါလို့ လူချစ်လူခင်အရမ်းပေါများတဲ့ကလေးလေးဖြစ်ပါတယ်နော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

မိုးယုတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အခုဆိုရင် တောင်ကြီးတန်ဆောင်တိုင်ပွဲလေးကို ရောက်ရှိနေတာဖြစ်ပါတယ်။"တောင်ကြီးတန်ဆောင်တိုင်ပွဲ ပထမဆုံးရောက်ခဲ့ပါတယ်။ပွဲဈေးလျှောက် ပုံကတော့ သိပ်မရိုက်ဖြစ်တော့ရှိတဲ့ပုံလေးပဲတက်လိုက်တော့တယ်"ဆိုပြီး ဇနီးမောင်နှံနှစ်ယောက် ပွဲဈေးမှာအရမ်းပျော်နေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့ပါတယ်နော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

Photo Credit:Moe Yu San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။