ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေသူကတော့ သရုပ်ဆောင်မင်းသားကြီး ကျော်သူပါ။ ကျော်သူဟာ တစ်ခေတ်တစ်ခါက မိန်းကလေးပရိသတ်တွေကြားမှာ သည်းသည်းလှုပ်နာမည်ကြီးခဲ့တဲ့ မင်းသားတစ်ယောက်ပါ။ ကျော်သူဟာ အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ပါ။  

Photo Credit - Kyaw Thu's Facebook
Photo Credit - Kyaw Thu's Facebook
Photo Credit - Kyaw Thu's Facebook

ကျော်သူဟာ ရုပ်ရှင်ဇာတ်ကားကြီးများပါ ဒါရိုက်တာအဖြစ် ရိုက်ကူးနေသူတစ်ယောက်ပါ။ လတ်တလောမှာလည်း သူရိုက်ကူးထားတဲ့ " 1014 " ဆိုတဲ့ ဇာတ်ကားကြီး ရုံတင်တော့မှာပါ။ လတ်တလောမှာလည်း အနုပညာအလုပ်များအပြင် ပရဟိတအလုပ်တွေလည်း လုပ်ကိုင်နေတာပါ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပရဟိတလုပ်ဆောင်မှုတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှပေးနေတာပါ။  

Photo Credit - Kyaw Thu's Facebook
Photo Credit - Kyaw Thu's Facebook
Photo Credit - Kyaw Thu's Facebook

အခုတစ်ခေါက်မှာလည်း ပရိသတ်တွေ မမြင်ဖူးသေးတဲ့ သူ့ရဲ့ လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်ကပုံရိပ်လေးကို ဝေမျှခဲ့တာပါ။ " အော် ဘ၀ ဘဝ...။

1990 လောက်က Sexy girl လေးပေါ့ရှင်။" ဆိုပြီး ရေးသားထားတာပါ။ ဒီပုံလေးတွေဟာ တကယ့်မိန်းကလေးတစ်ယောက်လို့ ထင်မှတ်သွားစေနိုင်တာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Kyaw Thu's Facebook

Photo Credit - Kyaw Thu's Facebook
Photo Credit - Kyaw Thu's Facebook
Photo Credit - Kyaw Thu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။