photo credit - Fnatic dota facebook

လက်ရှိ Fnatic အသင်းရဲ့ sup player Jabz ကတော့ ထိုင်းနိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

သူ့ကိုမွေးဖွားခဲ့တာကတော့ 1998 ခုနှစ် 9 လပိုင်း 22 ရက်နေ့မှာဖြစ်ပြီး နာမည်အရင်းကတော့ Anucha Jirawong ပဲဖြစ်ပါတယ်။

သူပထမဆုံးစတင်ကစားခဲ့တဲ့ dota 2 team ကတော့ 2014 ခုနှစ်လောက်က ကစားခဲ့တဲ့ Everlast.GameFilling ပဲဖြစ်ပါတယ်။

2015 ခုနှစ် 1 လပိုင်းမှာတော့ Jabz ဟာ Signarure.Trust ကိုရောက်ရှိလာခဲ့ပြီး ၎င်းအသင်းမှာ 2016 ခုနှစ် 9 လပိုင်း 3 ရက်နေ့ထိကစားခဲ့ပါတယ်။

၎င်းအသင်းကထွက်ထွက်ပြီးချင်းမှာပဲ Jabz ဟာ Team Faceless ကိုရောက်ရှိခဲ့ပြီး 2017 ခုနှစ် 7 လပိုင်း 4 ရက်နေ့ထိကစားခဲ့ပါတယ်။

2017 ခုနှစ် 8 လပိုင်းမှာတော့ Jabz ဟာ Mineski ကိုရောက်ရှိခဲ့ပြီး ၎င်းအသင်းမှာ 2018 ခုနှစ် 9 လပိုင်းထိ တနှစ်ကျော်ကြာ ကစားခဲ့ပါတယ်။

2018 ခုနှစ် 9 လပိုင်း 12 ရက်နေ့မှာတော့ Jabz ဟာ Fnatic အသင်းကိုရောက်ရှိလာခဲ့ပြီး captain အဖြစ်နဲ့ ယနေ့ထက်ထိကစားနေဆဲပဲဖြစ်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။