ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်ရန်ကျော်ကလည်း အပါအဝင်ပါပဲ..။

ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေကလည်း ချစ်ခင်အားပေးနေကြသလို ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်မေခလာနဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

သရုပ်ဆောင်ရန်ကျော်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး သမီးလေးနဲ့ ချစ်ဇနီးလေး မေခလာတို့အကြောင်းကိုလည်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်နော်..။

သမီးလေးကို အားပေးပြီး ဘာလုပ်ချင် လုပ်ချင် အကျိုးအကြောင်းပြောပြီး ဖြည့်ဆည်းပေးတယ်ဆိုပြီး သမီးလေးနဲ့အကြောင်းကို ပြောပြထားပြီး “အစ်မအောင်မြင်ရင် ကိုရန်ကျော်အောင်မြင်တာပဲလေ.. လင်မယားနှစ်ယောက်ဆိုတာ သူ့အပေါ်စေတနာထားရင် ကိုယ့်အပေါ်စေတနာထားမယ်.. သူအောင်မြင်နေရင် ကိုယ်အောင်မြင်နေတာပဲ..” ဆိုပြီး ချစ်ဇနီးနဲ့အကြောင်းကိုလည်း ပြောပြထားတာပါ..။


Photo Credit – May Kha Lar’s Facebook
Photo By Myanmarload

“ချစ်ငယ်ကတော့ ကိုရန်ကျော်အတွက်ကတော့ အမြဲငယ်နေတာပါပဲ.. အစ်မက အရမ်းကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပါ စကားအဖြစ်ပြောမယ်ဆိုရင် အစ်ကိုအတွက် အုပ်တံတိုင်းကြီးဆိုလည်း မမှားဘူးပေါ့နော် ငွေနဲ့မဆိုင်ဘူး အစ်ကိုအရမ်း အားကိုးတယ်..” ဆိုပြီးတော့ ပြောပြထားတာပဲ ဖြစ်ပါတယ်..။

ချစ်ငယ်နဲ့အတူ လက်တွဲညီညီတည်ဆောက်ထားတဲ့ အိမ်ထောင်ရေးအကြောင်းလေးနဲ့ အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပြောပြထားတဲ့ သရုပ်ဆောင်ရန်ကျော်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – May Kha Lar’s Facebook
Photo By Myanmarload

Photo Credit – May Kha Lar’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။