ပရိသတ်တွေအားကျလေးစားရတဲ့ မော်ဒယ်လ် သန္တာလှိုင်ဟာဆိုရင် တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့လို့ ပရိသတ်တွေရင်းနှီးတဲ့ သူတစ်ယောက်ပါနော်။သန္တာလှိုင်ကြော်ငြာထားတဲ့ကြော်ငြာတွေနဲ့ ဇာတ်ကားတွေကိုလည်း ပရိသတ်တွေက အရမ်းကြိုက်နှစ်သက်ခဲ့ကြလို့ ခေတ်တစ်ခေတ်မှာ နာမည်ကြီးခဲ့ပါတယ်။

Photo Credit:Thandar Hlaing's Page
Photo Credit:Thandar Hlaing's Page
Photo Credit:Thandar Hlaing's Page

ယနေ့ချိန်မှာဆိုရင်တော့ သန္တာလှိုင်က ကြော်ငြာတွေကိုသာလက်ခံရိုက်ကူးပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။အသက်၄၀ကျော်အရွယ်ထိ လှပပျိုမျစ်နုနယ်နေပြီး ခန္ဓာကိုယ်ကောက်ကြောင်းအလှကလည်း အဆီပိုကင်းဝေးပြီး ကျစ်လစ်သွယ်လျ လှပတာကြောင့် ကလေးနှစ်ယောက်အမေလို့တောင် မထင်ရပါဘူးနော်။သန္တာလှိုင်က ဘက်စုံတော်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လို့ မိသားစုအပေါ်လည်း‌နွေးနွေးထွေးထွေးနဲ့ အရမ်းဂရုစိုက်ပါတယ်။

Photo Credit:Thandar Hlaing's Page
Photo Credit:Thandar Hlaing's Page
Photo Credit:Thandar Hlaing's Page

အခုဆိုရင်လည်း သန္တာလှိုင်က မင်္ဂလာဆောင်သွားရမယ့် ချစ်ခင်ပွန်းအတွက်"ယောကျ်ားကို လှလှလေး ဆင်မပေးဘူးလို့ မပြောပါနဲ့နော်.... အလုပ်လုပ်နေရင်းနဲ့ ကိုယ်တိုင် လက်ချုပ်ချုပ်ပေးနေတာပါ ဒီည မင်္ဂလာဆောင်သွားရင် ဝတ်ဖို့ မဝတ်ရင် ကျွန်မရဲ့ အပြစ်မဟုတ်ပါ.....ယောက်ျားကို လှလှလေး ဆင်မပေးဘူးလို့ မပြောပါနဲ့နော်.... အလုပ်လုပ်နေရင်းနဲ့ ကိုယ်တိုင် လက်ချုပ်ချုပ်ပေးနေတာပါ ဒီည မင်္ဂလာဆောင်သွားရင် ဝတ်ဖို့ မဝတ်ရင် ကျွန်မရဲ့ အပြစ်မဟုတ်ပါ....."ဆိုပြီး သေသေချာချာပြင်ဆင်ပေးနေတဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Thandar Hlaing's Page
Photo Credit:Thandar Hlaing's Page
Photo Credit:Thandar Hlaing's Page

Photo Credit:Thandar Hlaing's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။