သမီးလေး Scarlett လေးကိုအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ရင်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ အဆိုတော် Ah Boy နဲ့ မော်ဒယ် မြတ်ရတနာကျော်တို့ ဇနီးမောင်နှံပါ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် သစ္စာမပျက်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ချည်နှောင်ထားကြတာပါ။ 

Photo Credit- Kyaw Phyo Tun’s Facebook
Photo Credit- Kyaw Phyo Tun’s Facebook
Photo Credit- Kyaw Phyo Tun’s Facebook

သူတို့နှစ်ယောက်ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို မကြာခဏ ဝေမျှပေးလေ့ရှိကြတာပါ။ ဒါ့အပြင် ခရီးတွေလည်း မကြာခဏထွက်လေ့ရှိကြပြီး ပရိသတ်တွေကလည်း သူတို့ရဲ့ခရီးသွားပုံရိပ်လေးတွေကြည့်ပြီး ချစ်မဝဖြစ်နေကြတာပါ။ အခုမှာလည်း ခရီးသွားပုံရိပ်လေးတွေကို ပရိသတ်တွေထံ ဝေမျှလိုက်ပြန်ပါပြီ။

Photo Credit- Kyaw Phyo Tun’s Facebook
Photo Credit- Kyaw Phyo Tun’s Facebook
Photo Credit- Kyaw Phyo Tun’s Facebook

သူတို့နှစ်ယောက်ဟာလတ်တလောမှာ ချောင်းသာကမ်းခြေကို အပန်းဖြေရန် ရောက်ရှိနေကြတာပါ။ Ah boy ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း " အရမ်းကောင်းတဲ့ ဟိုတယ်ကြီးမှာ...

အရမ်းချောတဲ့ မိန်းကလေးနဲ့။ " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် သူတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Kyaw Phyo Tun’s Facebook 

Photo Credit- Kyaw Phyo Tun’s Facebook
Photo Credit- Kyaw Phyo Tun’s Facebook
Photo Credit- Kyaw Phyo Tun’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။