အနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သန္တာလှိုင်ကတော့ ကျန်းမာရေးအရမ်းလိုက်စားတာကြောင့် အသက်၄၀ကျော်အရွယ်ထိတိုင် လှပပျိုမျစ်နုနယ်နေတာဖြစ်ပါတယ်။အပျိုရှုံးလောက်တဲ့ ခန္ဓာကိုယ်အလှကိုပိုင်ဆိုင်ထားလို့လည်း မိန်းကလေးတွေကအားကျနေရတာပါနော်။အမျိုးသမီးတွေအတွက် ကျန်းမာရေးဗဟုသုတတွေကို သန္တာလှိုင်က အမြဲမျှဝေပေးနေတာပါ။

Photo Credit:Thandar Hlaing's Facebook
Photo Credit:Thandar Hlaing's Facebook
Photo Credit:Thandar Hlaing's Facebook

Intetnationalဆန်တဲ့အလှအပတွေကို တစ်ခေတ်ကတည်းက ပိုင်ဆိုင်ထားပြီး ယနေ့အချိန်မှာ ပိုပြီးနုပျိုလာအောင် ထိန်းသိမ်းဖြစ်ခဲ့ပုံလေးတွေကို အခုလိုပဲပြောပြလာပါတယ်နော်။"ကျွန်မဒီနေ့ပိုင်ဆိုင်ထားတဲ့ ကျန်းမာတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်က ဟိုးအရင်ကထဲကနေ အမြဲပိုင်ဆိုင်ခဲ့တာ မဟုတ်ပါဘူး.... လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ကျန်းမာရေးနဲ့ပတ်သက်ရင် ဘာမှ မသိပဲ အစားဆိုရင် ပိန်ချင်တာနဲ့ ပုံမှန်မစား အစာတွေလျော့စား....."

Photo Credit:Thandar Hlaing's Facebook
Photo Credit:Thandar Hlaing's Facebook
Photo Credit:Thandar Hlaing's Facebook

အိမ်ထောင်ရေးကလဲ အဆင်မပြေတော့ အိပ်ရေးတွေကလဲပျက်... အဲ့ဒါ လွန်ခဲ့ ၁၀ နှစ်ကျော်က ပုံလေးတွေ့လို့ အခုပုံတွေနဲ့အတူ ယှဉ်ပြီးတင်ပေးလိုက်ပါတယ်....ကျန်းမာရေးဆိုတာ စပြီးလုပ်ဖို့ နောက်ကျသွားပြီဆိုတာ မရှိပါဘူး.... .. ကျွန်မ ဖြတ်သန်းခဲ့ရသလိုမျိုး မိန်းမသားတွေအကုန်လုံးကို မဖြတ်သန်းစေချင်ဘူး... အခုအချိန်မှာ ကျန်းမာရေးနဲ့ ပတ်သက် တဲ့ ဗဟုသုတတွေကို တတ်နိုင်တဲ့ ဘက်ကနေ မျှဝေပေးနေတယ်။ "ဆိုပြီး ၁၀နှစ်ကျော်က ပုံရိပ်နဲ့ယှဉ်ပြလာတာဖြစ်ပါတယ်။

Photo Credit:Thandar Hlaing's Facebook
Photo Credit:Thandar Hlaing's Facebook
Photo Credit:Thandar Hlaing's Facebook

Photo Credit:Thandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။