ပရိသတ်တွေချစ်ခင်အားပေးရတဲ့ မင်းသမီးချောလေး ဆုအိမ့်စံကတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပြီး တက်တက်ကြွကြွနဲ့နေထိုင်နေတာပဲဖြစ်ပါတယ်။ဆုဆုလို့ ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာခြေလှမ်းတိုင်းကို စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။ဆုဆုက အချစ်ရေးကိစ္စကြောင့် ပရိသတ်တွေနဲ့ ခဏအလှမ်းဝေးကွာသွားခဲ့ပါ‌‌ သေးတယ်‌နော်။

Photo Credit:Hsu Eaint San'Page
Photo Credit:Hsu Eaint San'Page
Photo Credit:Hsu Eaint San'Page

ပရိသတ်တွေကလည်း ဆုဆုဘက်ကနေ အားပေးပြီး နှစ်သိမ့်စကားလေးတွေနဲ့ဖြေသိမ့်ပေးခဲ့ကြတာဖြစ်ပါတယ်။အခုချိန်မှာတော့ ပုံမှန်အတိုင်းပြန်လည်နေထိုင်ပြီး အပြုံးချိုချိုလေးတွေကို သူမမျက်နှာထက်မှာ တွေ့မြင်ရပြီဖြစ်လို့ ပရိသတ်တွေကလည်း ဆုဆုအတွက် စိတ်အေးသွားရပါပြီနော်။စိတ်စေတနာကောင်းရှိပြီး ဖြူစင်တဲ့ ဆုဆုက မာန်မာနကင်းမဲ့လို့လည်း ပရိသတ်တွေကချစ်နေရတာပါ။

Photo Credit:Hsu Eaint San'Page
Photo Credit:Hsu Eaint San'Page
Photo Credit:Hsu Eaint San'Page

သူမက အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေပြီး ပွဲအခမ်းအနားတွေကို တက်ရောက်နေတာဖြစ်ပါတယ်။မကြာသေးခင်ကမှ ကျင်းပသွားတဲ့ dancing with the stars မှာလည်း ဆုဆုက ယှဉ်ပြိုင်ကပြသွားတာပါနော်။အရင်ကထက် ပိုလှလာပြီး တည်ငြိမ်အေးချမ်းတဲ့ဆုဆုရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Hsu Eaint San'Page
Photo Credit:Hsu Eaint San'Page
Photo Credit:Hsu Eaint San'Page

Photo Credit:Hsu Eaint San'Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။