အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတာကတော့ မင်းသမီးချောလေး စိုးပြည့်သဇင်ပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုပိုင်ရှင်လေးဖြစ်တဲ့ စိုးပြည့်သဇင်က လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေရိုက်ကူးရင်း အောင်မြင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စိုးပြည့်က စိုးညီအစ်မတွေနဲ့အတူ ''မင်းသမီး'' ပိုးထည်တိုက်မှာလည်း ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit -Amazing Grace
Photo Credit -Amazing Grace
Photo Credit -Amazing Grace
Photo Credit -Amazing Grace

အနုပညာအလုပ်တွေတစ်ဖက်နဲ့ ပညာရေးဘက်မှာလည်း ကြိုးစားခဲ့တဲ့ စိုးပြည့်လေးတစ်ယောက် အခုတော့ဘွဲ့တစ်ခုရရှိခဲ့ပြီ ဖြစ်ပါတယ်။ စိုးပြည့်ကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ (၈)ရက်နေ့က ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာမေဂျာဘွဲ့ကို တက်ရောက်ယူခဲ့ရတာ ဖြစ်ပါတယ်။ အခုလည်း စိုးပြည့်သဇင်က ဘဝရဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ ဘွဲ့ယူတဲ့နေ့က အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ်။

Photo Credit -Amazing Grace
Photo Credit -Amazing Grace
Photo Credit -Amazing Grace
Photo Credit -Amazing Grace
Photo Credit -Amazing Grace

စိုးပြည့်လေးက ရိုးရှင်းလှပနေတဲ့ မြန်မာဝတ်စုံလေးနဲ့ အလှပေါ်အယဉ်ဆင့်နေတာ ဖြစ်ပါတယ်။ ဘဝရဲ့အမှတ်တရနေ့လေးမှာ စိုးပြည့်တစ်ယောက် မြင်သူတိုင်းရင်အေးစေလောက်တဲ့ အလှမျိုးနဲ့ကျက်သရေရှိစွာလှနေခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြန်မာစာဘွဲ့ယူခဲ့တဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ရဲ့ အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Soe Pyae Thazin's FB

Photo Credit -Amazing Grace

Photo Credit -Amazing Grace
Photo Credit -Amazing Grace
Photo Credit -Amazing Grace
Photo Credit -Amazing Grace
Photo Credit -Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။