ပရိသတ်ကြီးရေ ကလေးဘဝကတည်းက သရုပ်ဆောင်အရမ်းကောင်းခဲ့ပြီး ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ်ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူခဲ့တဲ့ ယွန်းယွန်းကတော့ အခုချိန်မှာဆိုရင် အကယ်ဒမီဆုကြီးကိုလည်းရရှိခဲ့သလို မကြာခင်မှာ အသက်၂၀ပြည့်တော့မှာဖြစ်လို့လှသွေးကြွယ်တဲ့အရွယ်လည်းရောက်ရှိနေကာ တစ်နေ့တစ်ခြားအလှတွေတိုးလာပြီး ပုရိသတွေကြားမှာရေပန်းစားနေတဲ့ နတ်မိမယ်လေးတစ်ပါးဖြစ်ပါတယ်နော်။

Photo Credit:Yoon Yoon's Facebook
Photo Credit:Yoon Yoon's Facebook/Amazing Grace

လက်တလောမှာတော့ ယွန်းယွန်းက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေအတွက်အမြဲတမ်းကြိုးစားနေတဲ့သူလေးတစ်ယောက်ဖြစ်ပါတယ်။ယွန်းယွန်းပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဗီဒီယိုဇာတ်ကားတွေဆိုရင်လည်း ပရိသတ်တွေက တစ်ခဲနက်အားပေးကြသလို ယွန်းယွန်းရဲ့ဖြူစင်တဲ့ချစ်စရာအမူအရာလေးတွေကိုလည်းအရမ်းချစ်ကြပါတယ်နော်။

Photo Credit:Yoon Yoon's Facebook
Photo Credit:Yoon Yoon's Facebook

ယွန်းယွန်းကတော့ ဝါသနာပါတဲ့အနုပညာအလုပ်တွေကိုလည်းလုပ်ဆောင်နေသလို ပညာရေးကိုလည်းတစ်ဖက်တစ်လမ်းကနေအောင်မြင်အောင်ကြိုးစားနေတာပါနော်။ကလေးဘဝကတည်းက အရမ်းချစ်စရာကောင်းခဲ့တဲ့ယွန်းယွန်းက သူမရဲ့ လွန်ခဲ့သော၁၅နှစ်ကျော်က ပုံလေးနဲ့ ယခုလှသွေးကြွယ်နေတဲ့ပုံလေးကို ယှဉ်ပြပြီး ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့ပါတယ်နော်။

Photo Credit:Yoon Yoon's Facebook
Photo Credit:Yoon Yoon's Facebook

Photo Credit:Yoon Yoon's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။