အနုပညာလမ်းကြောင်းမှာ တစ်စထက်တစ်စ အောင်မြင်မှုတွေရရှိလာသူကတော့ မင်းသမီးချောလေး နော်ဖောအယ်ထားပါ။ သူမဟာ အနုပညာမျိုးရိုးကဆင်းသက်လာသူမဟုတ်ဘဲ ကိုယ့်ဒူးကိုယ်ချွန်ဘဝနဲ့ အနုပညာလောကထဲကိုရောက်ရှိလာသူပါ။ တိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး ဖြူစင်ရိုးသားလွန်းတာကြောင့် ပရိသတ်တွေက ချစ်နေရတာပါ။

Photo Credit - Naw Phaw Eh Htar’s Facebook
Photo Credit - Naw Phaw Eh Htar’s Facebook

မကြာသေးခင်ကလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ " ပျောက်ဆုံးနေသော အမှန်တရား " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲဟာလည်း ပရိသတ်တွေကြားမှာ လူကြိုက်များခဲ့တာပါ။ လတ်တလောမှာလည်း နော်ဖောတစ်ယောက် ကြော်ငြာများလက်မလည်အောင် ရိုက်ကူးနေရတာပါ။ ခရီးသွားရတာ ကြိုက်နှစ်သက်တဲ့နော်ဖောကတော့ တောင်ကြီးမြို့ကို အလည်အပတ်ရောက်ရှိနေတာပါ။

Photo Credit - Naw Phaw Eh Htar’s Facebook
Photo Credit - Naw Phaw Eh Htar’s Facebook

သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း " အမြဲအေးချမ်းနေတဲ့ နော်ဖောချစ်တဲ့ မွေးရပ်မြေ

တောင်ပေါ်မြို့လေး " ဆိုပြီး ရေးသားထားတာပါ။ နော်ဖောကတော့ ကလေးတစ်ယောက်လို အမူအရာလေးတွေနဲ့ ပရိသတ်တွေကြည့်နေရင်းနဲ့ အသည်းတွေယားသွားလောက်အောင် ချစ်စရာကောင်းလွန်းနေတာပါ။ ပရိသတ်ကြီးအတွက် နော်ဖောအယ်ထားရဲ့ပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Naw Phaw Eh Htar’s Facebook 

Photo Credit - Naw Phaw Eh Htar’s Facebook
Photo Credit - Naw Phaw Eh Htar’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။