အမိုက်စားဖက်ရှင်လေးတွေကိုဝတ်ဆင်တတ်တာကြောင့် မိန်းကလေးချင်းပါကြွေနေရသူကတော့ သရုပ်ဆောင် ဝါဆိုမိုးဦးပါ။ ဝါဆိုဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကိုလုပ်ကိုင်လာခဲ့သူတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်တွင်သာမကပဲ အဆိုဘက်မှာပါ ထူးချွန်သူတစ်ယောက်ပါ။ ဝါဆိုဟာ သူမရဲ့သီချင်းသစ်တွေကို Music Video လေးတွေရိုက်ကူးကာ ပရိသတ်တွေကို မကြာခဏဝေမျှလေ့ရှိသူပါ။

Photo Credit- Warso Moe Oo’s Facebook
Photo Credit- Warso Moe Oo’s Facebook

သူမရဲ့ပွဲတက်ဖက်ရှင်များကလည်း တစ်ပွဲနဲ့တစ်ပွဲမထပ်ရအောင် ဖမ်းစားထားနိုင်သူလေးပါ။ လတ်တလောမှာလည်း ပွဲအခမ်းအနားများနဲ့ ကြော်ငြာလေးတွေရိုက်ကူးနေရတာပါ။ သူမရဲ့လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်ကြီးကို ဝေမျှလေ့ရှိသူတစ်ယောက်ပါ။

Photo Credit- Warso Moe Oo’s Facebook
Photo Credit- Warso Moe Oo’s Facebook

အခုတစ်ခါမှာလည်း လူတိုင်းဝတ်လေ့ဝတ်ထသိပ်မရှိတဲ့ ဖက်ဖူးစိမ်းရောင်လေးကိုဝတ်ဆင်ကာ အမိုက်စားဖက်ရှင်လေးနဲ့အထာကျနေတဲ့ ဝါဆိုရဲ့ပုံရိပ်လေးတွေကိုတင်ထားတာပါ။ သူမ ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်တွင်လည်း " မမဖက်ဖူးစိမ်း " ဆိုပြီးရေးသားထားတာပါ။ပရိသတ်တွေအတွက် ဝါဆိုရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Warso Moe Oo’s Facebook 

Photo Credit- Warso Moe Oo’s Facebook
Photo Credit- Warso Moe Oo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။