ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားချော အကယ်ဒမီသူထူးစံကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။မင်းသမီးချော ထိုက်စုဝင်းနဲ့မကြာသေးခင်ကမှ လက်ထပ်လိုက်ပြီး ချစ်ချစ်ခင်ခင်၊ကြင်ကြင်နာနာနဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားကြတဲ့ အနုပညာရှင်ဇနီးမောင်နှံပဲဖြစ်ပါတယ် ။

Photo Credit:Htike Hsu's Facebook
Photo Credit:Htike Hsu's Facebook
Photo Credit:Htike Hsu's Facebook

သူထူးစံက တစ်နှစ်ထဲမှာပဲ မိန်းမချောချောလေးလည်းရ၊အကယ်ဒမီလည်းရခဲ့တာကြောင့် ကံကောင်းခြင်းတွေစုပြုံဝင်ရောက်လာတဲ့ လပ်ကီးနှစ်လေးပဲဖြစ်ပါတယ်။ရိုးသားအေးဆေးစွာနေထိုက်တတ်တဲ့ သူထူးစံက ချစ်ဇနီးကိုလည်း အရမ်းချစ်ပြီး အလိုလိုက်အကြိုက်ဆောင်ပေးပါတယ်နော်။ပရိသတ်တွေကတော့ သူထူးစံတို့ဇနီးမောင်နှံကို အားပေးပြီးချစ်ခင်နေရတာဖြစ်ပါတယ်။

Photo Credit:Htike Hsu's Facebook
Photo Credit:Htike Hsu's Facebook

ဇနီးမောင်နှံနှစ်ယောက်က စိတ်တူကိုယ်တူရှိကြလို့ အလှူအတန်းဆိုလည်း သူထူးစံတို့နှစ်ယောက်လုံးက ရှေ့ဆုံးကပါဝင်ကြပါတယ်။၉ရက် နိုဝင်ဘာလ ၂၀၁၉မှာသထုံမြို့နယ်သို့ သွားရောက်ပြီး ဘုရား အရံစေတီ ၈ ဆူ ရွှေ ထီးတော် ကပ်လှူပွဲတွင် သူထူးစံဇနီးမောင်နှံနှစ်ယောက် ပါဝင်ကုသိုလ်ယူဖြစ်ခဲ့တဲ့ ပုံရိပ်‌လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့ပါတယ်နော်။

Photo Credit:Htike Hsu's Facebook
Photo Credit:Htike Hsu's Facebook
Photo Credit:Htike Hsu's Facebook

Photo Credit:Htike Hsu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။