ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသားကြီးလူမင်းကတော့ သရုပ်ဆောင်အဖြစ်ရော ဒါရိုက်တာအဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌတစ်ဦးအဖြစ်လည်းဆောင်ရွက်ခဲ့တဲ့ လူမင်းက ပရိသတ်တွေနဲ့အနုပညာရှင်တွေရဲ့ လေးစားချစ်ခင်ခြင်းခံရသူလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် လူမင်းက သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပျော်ရွှင်မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-AyarWaddy Lumin's FB
Photo Credit-AyarWaddy Lumin's FB

လူမင်းတို့မိသားစုလေးကတော့ ဘုရားတရားကိုင်းရှိုင်းပြီး အလှူအတန်းနဲ့ပတ်သက်ရင် တကယ့်ကိုရက်ရောကြသူတွေ ဖြစ်ပါတယ်။ လူမင်းတို့မိသားစုက သောကြာနေ့တိုင်းအာရုံဆွမ်းအလှူကိုလည်း မပျက်မကွက်လှူဒါန်းကြတာ ဖြစ်ပါတယ်။ အခုလည်း ''ခင်စံပယ်ဦးမိသားစု စုပေါင်းဘုံကထိန်အလှူ'' ဆိုပြီး အလှူပုံလေးတွေကို မျှဝေထားပါတယ်။

Photo Credit-AyarWaddy Lumin's FB
Photo Credit-AyarWaddy Lumin's FB
Photo Credit-AyarWaddy Lumin's FB

လူမင်းတို့မိသားစုက မိသားစုဝင်တွေ စုပေါင်းလှူဒါန်းထားတဲ့ ပဒေသာပင်(၃)ခုနဲ့ ကထိန်အလှူပွဲလေးကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ လူစုံတက်စုံနဲ့ စုပေါင်းကထိန်အလှူလေးဖြစ်မြောက်အောင် ရေစက်ချလှူဒါန်းနေတာကလည်း တကယ့်ကိုသာဓုခေါ်ချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် လူမင်းတို့မိသားစုရဲ့ကထိန်အလှူပွဲပုံရိပ်လေးတွေကို ပြနိလည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Ayarwaddy Lu Min's FB

Photo Credit-AyarWaddy Lumin's FB
Photo Credit-AyarWaddy Lumin's FB
Photo Credit-AyarWaddy Lumin's FB
Photo Credit-AyarWaddy Lumin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။