သဉ္ဇာနွယ်ဝင်းကတော့ ဗီဒီယိုဇာတ်ကားလေးတွေနဲ့ ကြော်ငြာတွေအများဆုံးရိုက်ကူးပြီး ပရိသတ်အချစ်တော်လေးဖြစ်လို့လာခဲ့တာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့စကားပြောဟန်နဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေကအချစ်ပိုခဲ့ရတယ်ဆိုရင်လည်း မမှားပါဘူးနော်။ အခုချိန်မှာတော့ သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင်ထွန်းကားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit - Thinzar Nwe Win's FB
Photo Credit - Thinzar Nwe Win's FB
Photo Credit - Thinzar Nwe Win's FB

အရမ်းချစ်စရာကောင်းတဲ့ သားလေးကိုပြုစုစောင့်ရှောက်နေတဲ့ မေမေသဉ္ဇာနွယ်ဝင်းက ဒုတိယမြောက်ရင်သွေးလေးကိုလည်း ကိုယ်ဝန်လွယ်ထားရတာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက မိသားစုဝင်အသစ်လေးဖြစ်တဲ့ သမီးလေးကိုမကြာခင်မှာ မွေးဖွားတော့မှာလည်း ဖြစ်ပါတယ်။ အခုတော့ သဉ္ဇာနွယ်ဝင်းက ကိုယ်ဝန်အရင့်အမာနဲ့တောင်လှနေတဲ့ သူမရဲ့ပုံလေးတွေကို တင်ထားပါတယ်။

Photo Credit - Thinzar Nwe Win's FB
Photo Credit - Thinzar Nwe Win's FB
Photo Credit - Thinzar Nwe Win's FB

သဉ္ဇာနွယ်ဝင်းက '' ကလေးနှစ်ယောက်မေမေဖြစ်ခင်လေးပုံလာတင်တာပါ '' ဆိုပြီး ပွဲတက်ပုံရိပ်လေးတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းတစ်ယောက် သမီးကိုယ်ဝန်လွယ်ထားရတာတောင်မှ အလှမပျက်ဘဲ ကြည်လင်ဝင်းပပြီး အလှတွေပိုနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မကြာခင်မှာကလေးနှစ်ယောက်မေမေဖြစ်တော့မယ့် သဉ္ဇာနွယ်ဝင်းရဲ့ပုံလေးတွေကို ပြနိလည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Thinzar Nwe Win's FB 

Photo Credit - Thinzar Nwe Win's FB
Photo Credit - Thinzar Nwe Win's FB
Photo Credit - Thinzar Nwe Win's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။