ပရိသတ်ကြီးရေ လွင်မိုးရဲ့ သမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ဩစတေးလျမှာ ကျောင်းခဏပိတ်လို့ မြန်မာပြည်ကို ၂လပြန်လာပြီး နေထိုင်နေတာပဲဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သားလေးတစ်ယောကို ပိုက်ဆိုင်ထားပြီး ကျောင်းသွားတက်တဲ့အချိန်မှာ Liamလေးကို ဖိုးဖိုး ဖွားဖွားတို့နဲ့ အပ်ခဲ့တာဖြစ်ပါတယ်။

Photo Credit:Yun Waddy Lwin Moe's Page
Photo Credit:Yun Waddy Lwin Moe's Page

၈.၁၁.၂၀၁၉ရက်နေ့က ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက် အိမ်ကိုပြန်ရောက်လာကြပြီး သားသားလေးနဲ့အတူ ဇနီးမောင်နှံနှစ်ယောက်လုံး ဆော့ကစားပေးနေကြတာဖြစ်ပါတယ်။မေမေယွန်းဝတီလွင်မိုးကတော့ အရမ်းထွားလာတဲ့သားလေးကိုကြည့်ပြီး ပိုပိုချစ်နေသလို Liamလေးမစိမ်း‌အောင်လည်း သီချင်းလေးတွေဆိုပြပြီး အတူတူဆော့ကစားပေးကာ မိသားစုသုံးယောက်ကြည်နူးပျော်ရွှင်နေကြပါတယ်‌နော်။

Photo Credit:Yun Waddy Lwin Moe's Page
Photo Credit:Yun Waddy Lwin Moe's Page

လွင်မိုးကလည်း သမီးတို့မိသားစုလေး ပြန်ဆုံဆည်းတာကိုကြည့်ပြီး ဖခင်တစ်ယောက်ရဲ့ပီတိမေတ္တာတွေနဲ့ အရမ်းပျော်ရွှင်ခဲ့ရပါတယ်။အခုဆိုရင်တော့ မေမေယွန်းဝတီလွင်မိုးက သားလေးLiamနဲ့ အတူတူ ရေကူးကန်ထဲဆင်းပြီး ရေအတူတူဆော့နေကာ မေမေ့ကို ချစ်စရာမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ စိုကါကြည့်နေတဲ့ Liam လေးရဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Yun Waddy Lwin Moe's Page
Photo Credit:Yun Waddy Lwin Moe's Page

Photo Credit:Yun Waddy Lwin Moe's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။