ပရိသတ်ကြီးရေ အနုပညာမောင်နှမတွေဖြစ်ကြတဲ့ ကျော်ကျော် ဆုမြတ်နိုးဦး ညီထွဋ်ခေါင်တို့ သူငယ်ချင်းတစ်စုကတော့ ခင်မင်မှုသက်တမ်းအရမ်းမကြာသေးပေမယ့် ငယ်ပေါင်းကြီးဖော်တွေလို အေးအတူပူအမျှခင်မင်နေကြတဲ့ BFFတွေဖြစ်ကြပါတယ်။သုံးယောက်လုံးက အနုပညာရှင်တွေလည်းဖြစ်ကြတာကြောင့်အနုပညာနဲ့ပက်သက်ရင် ဝိုင်းဝန်းကူညီပေးကြတာပါနော်။

Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ's Page
Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ's Page
Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ's Page

‌ကျော်ကျော်၊ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြပြီး လူငယ်ပီပီ ပေါ့ပါးလွတ်လပ်စွာ နေထိုင်ကြပါတယ်။ခရီးတွေလည်း အတူတူထွက်ကြပြီး လူငယ်ဘဝကို အပူအပင်ကင်းစွာနဲ့ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေကြတဲ့ ပျော်ရွှင်စရာသူငယ်ချင်းသုံးယောက်ပဲဖြစ်ပါတယ်။

Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ's Page
Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ's Page
Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ's Page

သူငယ်ချင်းသုံးယောက်က သွားအတူ၊လာအတူ၊စားအတူနဲ့ စိတ်တူကိုယ်တူရှိကြကာ အလှူအတန်းဆိုလည်း ရှေ့ဆုံးကနေပါဝင်ဆောင်ရွက်ကြပါတယ်။သုံးယောက်ဆုံလိုက်တိုင်းမှာ တစ်ယောက်ကိုတစ်ယောက် စနောက်နေပြီး အမြဲတမ်းပြုံးပျော်ရွှင်နေတာကြောင့် ပရိသတ်တွေကိုပါအပျော်ကူးစက်စေပါတယ်။အခုဆိုရင်လည်း သူငယ်ချင်းသုံးယောက်က ရိုက်ကွင်းအတူတူဆုံကြပြီး အားတဲ့အချိန်လေး ခွီနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်မျှဝေလာပါတယ်နော်။

Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ's Page
Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ's Page
Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ's Page

Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။