ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုံတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့အချစ်တွေကို သက်သေထူလိုက်ကြပြီး နှစ်ကိုယ်တူဘဝကိုတည်ဆောက်လိုက်တာ မနက်ဖြန်ဆိုရင် မင်္ဂလာသက်တမ်းသက်တမ်း၁နှစ်ပြည့်တော့မှာဖြစ်ပါတယ်။၁နှစ်ပြည့်တဲ့အချိန်ထိ အေးအတူပူအမျှလက်တွဲပြီး ချစ်ခင်ကြင်နာစွာ နေထိုင်နေကြတာပါနော်။

Photo Credit:Shwe Hmone Yati's Facebook
Photo Credit:Shwe Hmone Yati's Facebook

ရွှေထူးတို့ဇနီးမောင်နှံက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေကြပြီး အေးချမ်းသာယာစွာနေထိုင်နေကြတာပါနော်။ရွှေမှုံလေးကတော့ အိမ်ဦးနတ်ကြီးအပေါ်မှာ ဇနီးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကိုကျေပြွန်ပြီး ချစ်ခင်ပွန်းကို အရမ်းချစ်တာဖြစ်ပါတယ်။ရွှေထူးကလည်း ကလေးဆိုးလေးလိုဆိုးတတ်တဲ့ ရွှေမှုံကို လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတာ‌ပါနော်။

Photo Credit:Shwe Hmone Yati's Facebook
Photo Credit:Shwe Hmone Yati's Facebook

ရင့်ကျက်တည်ငြိမ်ပြီး အေးချမ်းတဲ့အိမ်ထောင်ရေးလေးမှာ ဇနီးမောင်နှံနှစ်ယောက်တည်း အပူအပင်ကင်းစွာနေထိုင်နေကြတာဖြစ်ပါတယ်။အရမ်းသာယာလွန်းတဲ့ ရွှေမှုံရဲ့အိမ်ထောင်ရေးလေးကို ပရိသတ်တွေကအားကျနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဇနီးမောင်နှံနှစ်ယောက် မျက်နှာပြောင်နေကြတဲ့ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Photo Credit:Shwe Hmone Yati's Facebook
Photo Credit:Shwe Hmone Yati's Facebook
Photo Credit:Shwe Hmone Yati's Facebook

Photo Credit:Shwe Hmone Yati's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။