ခေတ်နဲ့သစ်တို့ရဲ့ မေမေချောချောလေးဖြစ်တဲ့ မင်းသမီးချောလေး ချစ်သုဝေကတော့ သမီးလေးတွေကို သေချာပြုစုပျိုးထောင်ရင်း အနုပညာအလုပ်တွေကို တတ်နိုင်သလောက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ချစ်သုဝေရဲ့ချစ်ခင်ပွန်းလင်းလင်းကလည်း ချစ်ဇနီးနဲ့သမီးတွေအပေါ်မှာ မေတ္တာအပြည့်နဲ့စောင့်ရှောက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook

ချစ်သုဝေကတော့ သမီးလေးတွေကို ထိန်းနေရတာတောင် အလှမပျက်ဘဲ တစ်နေ့တစ်ခြားပိုပိုပြီးချစ်စရာကောင်းလာပါတယ်နော်။စိတ်ထားလေးကလည်းဖြူစင်သန့်ရှင်းတော့ မျက်နှာလေးကကြည်လင်ဝင်းပပြီး လူချစ်လူခင်‌ပေါများပါတယ်။ချစ်သုဝေရဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ချစ်ပရိသတ်တွေကအားကျနေကြတာပါနော်။

Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook

ချစ်သုဝေနဲ့လင်းလင်းတို့နှစ်ယောက်ကလည်း တစ်ခါတစ်လေဆိုရင် သမီးလေးတွေမပါဘဲ နှစ်ယောက်တည်းအရမ်းရိုကြပါတယ်။အခုဆိုရင်လည်း ဇနီးမောင်နှံနှစ်ယောက်က မန္တလေးကိုရောက်ရှိနေကြပြီး အရသာရှိတဲ့အစားအသောက်တွေကို အားရပါးရစားသောက်နေကြတာဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်ကတော့ အခွီပုံစံလေးတွေလုပ်ပြီး ကြည်နူးစရာပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်မျှဝေလာပါတယ်နော်။

Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook

Photo Credit:Chit Thu Wai's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။