ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိတ်သတ်တွေကြားမှာ ရေပန်းစားလာတဲ့မင်းသမီးလေးကတော့ မင်းသမီးချောလေးမေမြင့်မိုရ်ပါ။ သူမဟာ ကြော်ငြာလေးတွေအများဆုံးရိုက်ကူးနေရတာပဲ ဖြစ်ပြီးရုပ်ရှင်ဇာတ်ကားများနဲ့ရုပ်သံဇာတ်လမ်းတွဲများလည်း ရိုက်ကူးနေတာပါ။ မေမြင့်မိုရ်ဟာ အနုပညာလုပ်ငန်းများအပြင် ပရဟိတဘက်မှာလည်း တစ်တက်တစ်အားပါဝင်ကုသိုလ်ယူနေတာကိုလည်း တွေ့ရပါတယ်။

Photo Credit- May Myint Mo’s Facebook
Photo Credit- May Myint Mo’s Facebook

ချိုသာတဲ့အပြုံးလေးတွေနဲ့ ဖော်ရွေပျူဌာတတ်တဲ့သူမရဲ့ အပြုအမူလေးတွေကြောင့်လည်း ပရိတ်သတ်တွေပိုပြီး အချစ်ပိုနေရတာပါ။ သူမပါဝင် သရုပ်ဆောင်ထားတဲ့ “ ပုဂံမြို့သူ " ဇာတ်လမ်းတွဲကို ပြသပြီးချိန်မှာတော့ ပရိတ်သတ်တွေအများအပြား အားပေးချစ်ခင်မှုကိုရရှိခဲ့တာပါ။ လတ်တလောမှာလည်း ဇာတ်လမ်းတွဲများနဲ့ကြော်ငြာများစွာလည်း ရိုက်ကူးနေရသူပါ။

Photo Credit- May Myint Mo’s Facebook
Photo Credit- May Myint Mo’s Facebook

လွန်ခဲ့တဲ့ နာရီပိုင်းကလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပုံရိပ်လေးတွေတင်ထားတာပါ။ ဒါကတော့ လတ်တလောမှာရုံတင်ပြသနေတဲ့ ရိုးမပေါ်ကမျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်လေးတွေ တင်ထားတာပါ။ " ရိုးမ မှ မာလာ အမှတ်တရ

Behind The Scene ရိုးမကိုလဲလွမ်းမိပါတယ်...

#ရိုးမပေါ်ကျတဲ့မျက်ရည် #BTS #မာလာ #မေမြင့်မိုရ် " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် မေလေးရဲ့ပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်။

Source- May Myint Mo’s Facebook

Photo Credit- May Myint Mo’s Facebook 

Photo Credit- May Myint Mo’s Facebook
Photo Credit- May Myint Mo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။