ချစ်သက်တစ်ယောက် အနုပညာအလုပ်တွေစလုပ်နေတဲ့အချိန်မှာပဲ အမေဇာတ်ကောင်နဲ့တွေ့ရတော့ ပရိသတ်တွေအတွက် အသစ်အဆန်းဖြစ်နေပါတယ်။ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီဆုရှင်သက်မွန်မြင့်တစ်ယောက် ယွန်းယွန်းနဲ့အတူ ရိုက်ကူးနေသလို ရိုက်ကူးနေတဲ့ ဇာတ်ကောင်စရိုက် အရ သက်မွန်မြင့်က ဆယ်ကျော်သက်အမေနေရာကနေ ပါ၀င်သရုပ်ဆောင်လျက်ရှိတာကိုတွေ့ရပါတယ်။

“ ဆယ်ကျော်သက်အမေပေါ့

ဆံပင်ရှည်လေးနဲ့ မျက်မှန်လေးတပ် ?

ဒါက ဝနေတာနဲ့ အမေလုပ်ရတာ ပ်ိုအဆင်ပြေသေး ?

အမေနေရာကပဲ ရိုက်တော့ရင်ကောင်းမလားသိဘူး

စားချင်တာစားလို့ရအောင်

ဟီးဟီးးး…” လို့ ပြောထားပါတယ်။

ကဲချစ်သက့်ရိသတ်တွေကတော့ အားပေးကြမယ်မဟုတ်လား….

ချစ်သက်ပရိသတ်တစ်ယောက်ကတော့ “မမ ဘယ်လိုပဲ ဖြစ်ဖြစ် ညလေးတို့ကတော့ ချစ်ပီးသားပဲ ဒါပေမယ့် မမရယ့် ဝိတ်ချပီး အရင်လို ကားတွေပြန်ရိုက်ပါနော်......” လို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် သက်မွန်မြင့်က အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ ယွန်းယွန်းကိုလည်း

“ သမီးက ပိုးဆိုတော့ပိုးရတာပေါ့����

သူပိစိလေးထဲက သားအမိလုပ်လာတာ

နောက် ကိုယ့်ရဲ့ ငယ်ဘဝ

ခု သားအမိ

အရမ်းတော်သော အချစ်ကလေး����” လို့ချီးမွှမ်းစကားဆိုထားပါတယ်။

Source: သက်မွန်မြင့်ဖေ့ဘွတ်

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။