အနုပညာရှင်စစ်စစ်တစ်ယောက်မဟုတ်ပေမယ့် ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားတဲ့ ညီညီမောင်(စမ်းချောင်း)ခေါ် မြသုတကတော့ မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ပရိသတ်တွေက သုသု လို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး ဟာသလေးတွေအရမ်းလုပ်တတ်တဲ့ သုသုကို ချစ်ခင်အားပေးနေရတာပဲဖြစ်ပါတယ်။

Photo Credit:Nyi Nyi Maung's Facebook
Photo Credit:Nyi Nyi Maung's Facebook

သုသုက မကြီးစန်း လင်းလင်း မထက် တို့နဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကိုရိုက်ကူးခဲ့သလို နောက်ထပ်တစ်ကားလည်း ရိုက်ကူးဦးမှာဖြစ်ပါတယ်။စိတ်ထားလေးကဖြူစင်ပြီး သဘောမနောကောင်းလို့လည်း သုသုကို လူတိုင်းကချစ်ခင်နေရတာပါနော်။သုသုက ဟာသဗီဒီယိုဖိုင်လေးတွေကို မျှဝေနေကြဖြစ်လို့ ပရိသတ်တွေကလည်း မလွတ်တမ်းကိုအားပေးကြတာဖြစ်ပါတယ်။

Photo Credit:Nyi Nyi Maung's Facebook
Photo Credit:Nyi Nyi Maung's Facebook
Photo Credit:Nyi Nyi Maung's Facebook

သုသုက သူငယ်ချင်းတွေနဲ့ လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်သလို ကုသိုလ်အရေးဆိုလည်း တတ်နိုင်သလောက်ကို မကြာခဏလုပ်ဆောင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း တန်ဆောင်မုန်းလပြည့်နေလေးမှာ စတုဒီသာကျွေးမွေးဖို့အတွက် ကြာဇံချက်ကို ကိုယ်တိုင် ချက်ပြုတ်နေသလို ဘုန်းကြီးနဲ့သီလရှင်တွေကိုလည်း တတ်နိုင်သလောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nyi Nyi Maung's Facebook
Photo Credit:Nyi Nyi Maung's Facebook

Photo Credit:Nyi Nyi Maung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။