မခိုင်လေးလို့ အားလုံးကချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီးချော ခိုင်သင်းကြည်ကတော့ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့မခိုင်လေးက ဇာတ်ရုပ်တိုင်းကို သဘာဝကျကျနဲ့ပီပြင်လာအောင် ဖန်တီးပြနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မခိုင်လေးက ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးပြီး နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။

Photo Credit - Khine Thin Kyi's FB
Photo Credit - Khine Thin Kyi's FB
Photo Credit - Khine Thin Kyi's FB

ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်တဲ့မခိုင်လေးက အခုချိန်အထိ ဆယ်ကျော်သက်လေးတွေနဲ့အပြိုင် လှနေတာ ဖြစ်ပါတယ်။ အခုလည်း မခိုင်လေးက ခရမ်းရောင်မြန်မာဝတ်စုံလေးနဲ့ အရမ်းကိုတောက်ပပြီး လှသွေးကြွယ်နေတာ ဖြစ်ပါတယ်။ မနေ့ကကျင်းပပြုလုပ်တဲ့ တောင်ငူ(ကေတုမတီ)မြို့ရဲ့ (၅၀၉)နှစ်ပြည့်ပွဲတော်လေးမှာ မခိုင်လေးက မိဖုရားကြီးအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Khine Thin Kyi's FB
Photo Credit - Khine Thin Kyi's FB
Photo Credit - Khine Thin Kyi's FB
Photo Credit - Khine Thin Kyi's FB

မခိုင်လေးက ခရမ်းရောင်ဝတ်စုံလေးနဲ့ နေရောင်အောက်မှာ တလက်လက်တောက်ပနေလောက်အောင် လှနေတာပဲ ဖြစ်ပါတယ်။ မခိုင်လေးက ပရိသတ်တွေအတွက် ''ချစ်တဲ့ဦးစိုး Make Up Soe Soeရဲ့မိတ်ကပ်ပြင်ဆင်မှုလေးနဲ့ဒီဇိုင်နာညီမလေးဝါဆို May Myat Waso HappyHeartရဲ့ဝတ်စုံလေးပေါင်းစပ်လိုက်တော့အရမ်းနန်းဆန်တဲ့ခရမ်းရောင်မတ်မတ်လေးဖြစ်သွားတာပေါ့ '' ဆိုပြီး ပုံလေးတွေတင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းလှနေတဲ့မခိုင်လေးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Khine Thin Kyi's FB 

Photo Credit - Khine Thin Kyi's FB
Photo Credit - Khine Thin Kyi's FB
Photo Credit - Khine Thin Kyi's FB
Photo Credit - Khine Thin Kyi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။