မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အလှအပရေးရာနဲ့ပတ်သက်ရင် အပြစ်ဆိုဖွယ်မရှိလောက်အောင် သဘာဝအတိုင်းလှပနေသူလေး ဖြစ်ပါတယ်။ စိုးပြည့်က ရုပ်ရည်လေးက ချောမောလှပတဲ့အပြင် သာယာချိုမြတဲ့အသံလေးကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ စိုးပြည့်လေးကိုတော့ ယောက်ျားလေးပရိသတ်တွေနဲ့ မိန်းကလေးပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။

Photo Credit - Soe Pyae Thazin's FB
Photo Credit - Soe Pyae Thazin's FB
Photo Credit - Soe Pyae Thazin's FB
Photo Credit - Soe Pyae Thazin's FB

တောင်ငူသူလေးတစ်ယောက်ဖြစ်တဲ့ စိုးပြည့်သဇင်က အခုလည်း သူမတို့မြို့ရဲ့အထင်ကရပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ စိုးပြည့်က တောင်ငူမြို့ (ကေတုမတီ) ရဲ့ မြို့တည်နန်းတည် (၅၀၉) နှစ်ပြည့်ပွဲတော်လေးမှာ သမီးတော်လေးနေရာကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ရွှေရောင်ဝတ်စုံလေးနဲ့ ဘုရင့်သမီးတော်လေးအဖြစ် တင့်တယ်လှပနေတဲ့ စိုးပြည့်လေးကိုတော့ ပရိသတ်တွေက ချစ်မဝဖြစ်နေရတာပဲ ဖြစ်ပါတယ်။

Photo Credit - Soe Pyae Thazin's FB
Photo Credit - Soe Pyae Thazin's FB
Photo Credit - Soe Pyae Thazin's FB
Photo Credit - Soe Pyae Thazin's FB

စိုးပြည့်လေးကတော့ ရှုမငြီးတဲ့အလှတရားတွေနဲ့ ကျက်သရေရှိစွာ လှသွေးကြွယ်နေတာပဲ ဖြစ်ပါတယ်။ စိုးပြည့်က '' တောင်ငူ၅၀၉နှစ်ပြည့်ပွဲတော်မှာသမီးတော်လေးအဖြစ် Designer မြပွင့်ဖြူရဲ့လက်ရာလေးပါရှင့်...'' ဆိုပြီး ပုံလေးတွေကိုလည်း တင်ပေးထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကေတုမတီပွဲမှာ ပါဝင်ခဲ့တဲ့ တောင်ငူသူလေးစိုးပြည့်သဇင်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Soe Pyae Thazin's FB

Photo Credit - Soe Pyae Thazin's FB
Photo Credit - Soe Pyae Thazin's FB
Photo Credit - Soe Pyae Thazin's FB
Photo Credit - Soe Pyae Thazin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။