လူရယ်လို့ဖြစ်လာရင် သူ့အသက်ရွှယ်အပိုင်းအခြားနဲ့သူ အသိတရား ရင့်ကျက်သင့်တဲ့အချိန်ရင့်ကျက်မှ လူမှုရေး ၊စီးပွားရေး ၊အိမ်ထောင်ရေး အစစအရာရာမှာ စီမံခန့်ခွဲနိုင်တဲ့သူဖြစ်မှာပါ။

အသက်(၂၄)နှစ်အရွယ်ထဲ ရောက်ပြီဆိုရင်တော့ ဒီအချက်တွေကို လုပ်နေမိရင် ရပ်တန်းကရပ်သင့်ပါပြီ။

(၁) စျေးပေါတဲ့ အဝတ်အစားတွေ ဝယ်တာမျိုး တွေ ရပ်ပါ။

ဆယ်ကျော်သက် လူငယ်ဘဝမှာတော့ အဝတ်အစားတွေအသစ်ပေါ်တိုုင်း ဝတ်ချင်တာဝတ်မယ် ၊ သင့်တော်တယ်မသင့်တော်တယ် ထည့်မတွေးပဲ စျေးပေါတာတွေလည်း ဝယ်ဝတ်ကြတာများပါတယ်။ အလုပ်တစ်ခုကို အတည်တကျလုပ်ရမယ် ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်တစ်ခုရှိရမယ် ၊ ရင်းနှီးမြုပ်နှံတဲ့လုပ်ငန်းအသေးစားလေးတွေလုပ်ရတော့မယ့် အရွယ်ပါ။

(၂) ကိုယ်နဲ့မထိုက်တန်တဲ့သူတွေအတွက် အချိန်ကုန်ခံတာတွေ ရပ်ပါ။

ဒီလိုပြောလိုက်လို့ Admin က အချစ်နဲ့ပတ်သက်ပြီး နားလည်မှုမရှိတဲ့လူတစ်ယောက်လို့တော့အထင်မမှားလိုက်ပါနဲ့။ ဒီအချက်က လူတိုင်းအတွက် ခက်ခဲတာမှန်ပေမယ့် ကိုယ့်အပေါ် မချစ်မနှစ်သက် မထိုက်တန်တဲ့သူကို သတိရနေတာထက် ကိုယ်နဲ့တကယ်ထိုက်တန်တဲ့လက်တွဲဖော်အစစ်ကိုသာ ရှာပါ။ကိုယ့်အချိန်တွေကို ဘာမဟုတ်တဲ့လူအတွက် အလဟသမဖြစ်ပါစေနဲ့။

(၃) အခြားလူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုဂရုစိုက်နေတာတွေ ရပ်လိုက်ပါ

ဆယ်ကျော်သက်အချိန်မှာတော့ ပတ်ဝန်းကျင်က ကိုယ့်ရဲ့အပြုအမူနဲ့ပတ်သက်ပြီး မျက်စိဒေါက်ထောက်လိုက်ပြောနေတာတွေ၊ မနာလိုဝေဖန်ကဲ့ရဲ့တာတွေရှိရင် ဒေါသထွက်ပြီး သွေးဆူကြပါတယ်။ ဒီအရွယ်ရောက်ရင်တော့ တခြားလူတွေ ဘာပြောပြော ဒါသူတို့အလုပ်ပဲလေ ကိုယ်ကတော့ ကိုယ်လုပ်စရာရှိတာမှန်တယ်ထင်ရင် ဆက်လုပ်ရမှာပဲ။ ကိုယ့်သမိုင်းကိုယ်ရေးရမှာဖြစ်လို့ ဘယ်သူဘာပြောပြော ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနှစ်ရက်လို့ သာ လျှော်ပေးလိုက်ပါ။

(၄)မိဘတွေကို အပြစ်တင်တာတွေရပ်ပါ။

ငယ်ရွယ်သူဆိုတော့ အပြုအမူအပြောအဆိုနဲ့ပတ်သက်ပြီး လူကြီးမိဘတွေရှေ့ မျက်မုန်းကျိုးစရာ အမြင်မတော်စရာတွေရှိတတ်ပါတယ်။ဆယ်ကျော်သက်အရွယ်တုန်းကလိုတော့ မိဘတွေကို ဆင်းရဲလို့ အပြစ်မြင်တာမျိုး ၊တစ်ခွန်းမခံပြန်ပြောတာမျိုးတွေ မလုပ်သင့်တော့ပါဘူး။ဘယ်မိဘမှ ပြည့်စုံတယ်ရယ်လို့ မရှိတဲ့အတွက် ကိုယ့်ရဲ့အလိုမကျမှုတွေ သူများတွေတန်းတူပိုင်ဆိုင်ခွင့်မရတဲ့အခါမျိုးတွေမှာ မိဘတွေအပေါ် အပြစ်မတင်သင့်ပါဘူး။ တစ်ချိန်ကျရင်သင်လည်း မိဘနေရာရောက်လာမှာပါ။

(၅) မျှော်လင့်ချက်တွေ နဲ့ စိတ်ကူးအိပ်မက်တွေနဲ့ လေထဲတိုက်အိမ်ဆောက်နေတာတွေ ရပ်တန်းကရပ်သင့်ပါပြီ။

သင့်ရဲ့ စိတ်ထဲမှာ ဖြစ်ချင်ခဲ့တဲ့ ပန်းတိုင်နဲ့ လက်ရှိအခြေအနေနဲ့ အစတစ်ရာကွာခြားနေရင်တော့ သင့်ကိုသင်အသုံးမကျဘူးဆိုပြီး ထင်နေတာတွေရပ်လိုက်သင့်ပါတယ်။ သင့်ကို လက်ရှိဘဝကြီးကို အရှုံးပေးဖို့ပြောတာမဟုတ်ပါဘူး ၊ လက်ရှိဘဝနဲ့ စိတ်ကူးအိပ်မက်နဲ့ မဖြစ်နိုင်ဘူးဆိုရင်တော့ သင့်အတွေးတွေကို ရပ်ရမှာပါ။

(၆)အင်တာနက်သုံးရင်း အချိန်မကုန်ပါနဲ့ ။

ဒီအချက်က အဓိကပါပဲ။ ယနေ့ခေတ်မှာ လူတိုင်းလိုလိုက အင်တာနက်အလွန်အကျွံသုံးစွဲရင်း မသုံးရမနေနိုင် စွဲလမ်းနေကြတာပါ။ဒါပေမယ့် ကိုယ့်ရဲ့အသုံးချမှုပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် အကျိုးရှိပုံကတော့ ကွာသွားမှာပါ။ ဥပမာ လူမှုကွန်ရက်ကနေ သတင်းအချက်တွေသိချင်ရင်ပဲဖြစ်ဖြစ် သူငယ်ချင်းသစ်တွေရချင်လို့ပဲဖြစ်ဖြစ် လူတိုင်း အသုံးပြုကြပါတယ်။ အချိန်ကိုတော့ ကန့်သတ်ထားသင့်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်အားလုံးကို အင်တာနက်သုံ့းရင်းနဲ့ပဲ မကုန်သွားပါစေနဲ့။  

သတင်းအရင်းမြစ် sunflower

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။