မင်းသားချော ဟိန်းဝေယံကတော့ စကားပြောပြေပြစ်ချိုသာပြီး အားလုံးအပေါ်မှာ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တာကြောင့် လူချစ်လူခင်ပေါများနေသူ ဖြစ်ပါတယ်။ အထူးသဖြင့် ဟိန်းဝေယံက ဟန်ဆောင်မှုကင်းပြီး သူ့ရဲ့ပရိသတ်တွေအပေါ်မှာ ရင်းရင်းနှီးနှီးနဲ့ ပြောဆိုဆက်ဆံလေ့ရှိတာ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောတဲ့အပြင် စိတ်သဘောထားလေးပါ နူးညံ့ဖြူစင်တဲ့ ဟိန်းဝေယံကတော့ ပရိသတ်အချစ်တော်မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။

Photo Credit -RBV
Photo Credit -RBV
Photo Credit -RBV

အခုလည်း ဟိန်းဝေယံက သူ့ကိုအမာခံအားပေးချစ်ခင်တဲ့ ပရိသတ်တွေနဲ့အတူ ကထိန်ခင်းပြီး အလှူပြုခဲ့ပါတယ်။ ဟိန်းဝေယံက '' ငွေကြယ်ပွင့်ဟိန်းဝေယံပရဟိတအဖွဲ့'' နဲ့ စုပေါင်းမဟာဘုံကထိန်အလှူပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ချစ်ချစ်ခင်ခင် ကျင်းပပြုလုပ်ခဲ့တဲ့ ဟိန်းဝေယံရဲ့ကထိန်အလှူပွဲလေးကတော့ အောင်မြင်စွာပြီးမြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit -RBV
Photo Credit -RBV
Photo Credit -RBV

ဒါကြောင့် ဟိန်းဝေယံက ''ငွေကြယ်ပွင့် ဟိန်းဝေယံပရဟိတအဖွဲ့၏ စုပေါင်းမဟာဘုံကထိန်အလှူ... မတည်အလှူငွေပဒေသာပင်နှင့် ပင့်သံဃာတော်များအား ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။'' ဆိုပြီး သာဓုခေါ်ချင်စရာကောင်းတဲ့ အလှူပုံလေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော ဟိန်းဝေယံနဲ့ သူ့ပရိသတ်တွေရဲ့ကထိန်အလှူကပုံလေးတွေကို ပြနိလည်မျှဝေပေးလိုက်ပါတယ်နော်။

Source - Hein Wai Yan's FB

Photo Credit -RBV

Photo Credit -RBV
Photo Credit -RBV
Photo Credit -RBV
Photo Credit -RBV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။